အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်

392 51 5
                                    

အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်

ထွက်ခွာသွားကြသော သူ၏တပည့်များကို ကြည့်လိုက်ပြီး၊ လင်းဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။

သူ၏မှော်စွမ်းအင်တို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြကာ၊ အနက်ရောင် မျက်နှာပြင် တစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူ၏ညာလက်အား စုတ်တံသဖွယ် အသုံးပြု၍၊ လင်းဖုန်းသည် ထိုအနက်ရောင် မျက်နှာပြင်၏ အပေါ်တွင် စာလုံးများကို ရေးသားလိုက်သည်။

"မြေအောက်ခန်းထဲကိုဝင်ရင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးပုံတွေကို အရင် ဆွေးနွေးတိုင်ပင်ကြ"

သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီး၊ 'မြေအောက်ခန်း'ဟူသော စကားလုံး နေရာတွင်၊ 'ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ'ဟူသော စကားလုံးနှင့် အစားထိုးလိုက်သည်။

ပုံမှန်ဆိုလျှင် ယွဲ့ဟုန်ယန်၊ ယန်ချင်၊ ထွမ်းထွမ်းနှင့် ကျူးကော်ဖန်းလင်တို့အား ထည့်မတွက်ပေ။ ဇူရီ၊ ရှောင်ပုတန်နှင့် ဝမ်လင်းတို့ သုံးယောက်နှင့်ပင်၊ သူတို့သည် 'သူရဲကောင်း သုံးဖော်' ဇာတ်ကားအား ရိုက်နိုင်ပေမည်။

အကုန်စား၊ အကုန်ယူ၊ အကုန်လု။ နောက်ဆုံးတွင် အကုန်ပင် သတ်နိုင်သေး၏။

သို့သော်လည်း ထို့ကြောင့်ပင် လင်းဖုန်းက စိတ်ပူနေရခြင်း ဖြစ်သည်။ သူသည် သူတို့အား အသင်းအဖွဲ့ စိတ်ဓာတ်အား ရိုက်သွင်းပေးနေရခြင်းမှာ၊ ပြင်ပလူများအား စိတ်ပူနေ၍ မဟုတ်ချေ။ သူတို့အဖွဲ့ အချင်းချင်း စိတ်ဝမ်းကွဲမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။

ဘာပဲပြောပြော သူတို့ကဲ့သို့ ပါရမီရှင်လေးများ၏ ဦးခေါင်းထက်တွင်၊ သေမင်းရောင်ခြည် စက်ဝန်းများ ပါရှိလာနိုင်သည်။

ထိုသေမင်းရောင်ခြည် စက်ဝန်းများသည် သူတို့အတွက် မဟုတ်ချေ၊ သူတို့၏ ဘေးမှလူများအတွက် အန္တရာယ် ဖြစ်စေနိုင်ခြင်း ဖြစ်သည်။

လင်းဖုန်းသည် ချောင်းခြောက်တစ်ချက် ဆိုးလိုက်သည်။ "ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာက အမတန်ကိုမှ ကျယ်ပြန့်လှတယ်၊ ဒါကြောင့်မို့ မင်းတို့တစ်အုပ်စုတည်း လူမခွဲပဲသွားရင်၊ နှမြောစရာကြီး ဖြစ်သွားလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now