အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း

396 46 0
                                    

အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း

ကောင်းကင်အကာအကွယ် ထီး၏အောက်တွင်၊ လင်းဖုန်းသည် ကောင်းကင်ပေါ်မှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါကို ကြည့်နေခဲ့သည်။ ထိုဝင်္ကပါမှနေ၍ နောက်ဆုံးအနေဖြင့်၊ ဧရာမ ကြက်သွေးရောင်ရင့်ရင့် အနီရောင်အလင်းတန်း တစ်ခုအား ထုတ်လွှတ်လိုက်သည်။

သူသည် တတိယ တိုက်ခိုက်မှုနှင့် အလားသဏ္ဌာန် တူသော်လည်း၊ ယခုတွင် မားစ်၏ စကြာဝဠာ စွမ်းအားများကို အသုံးပြုထားခြင်း ဖြစ်သည်။ ကြက်သွေးရောင်ရင့်ရင့် အနီရောင် အလင်းတန်းတွင် ခက်ထန်လှသော မီးတောက်များကို သိုမှီးထားကာ၊ မီးဝင်္ကပါများ ရာနှင့်ထောင်နှင့်ချီ၍ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအလင်းတန်း အတွင်းမှ မီးအနွယ်ဝင် စိတ်ဝိညာဉ် စွမ်းအင်များသည် အလွန်သိပ်သည်းလှ၏။ လင်းဖုန်း၏ အတွေ့အကြုံအရဆိုလျှင် ထိုကဲ့သို့သော ပြင်းထန်လှသည့် မီးတောက်များသည်၊ မြေပြင်မှ လွင်ပြင်ကျယ်ကြီးအား မီးပင်လယ် အဖြစ်သို့ ပြောင်းလဲနိုင်ကာ အငွေ့ပင် ပျံစေနိုင်မည် ဖြစ်သည်။

အကြွင်းမဲ့မီးတောက် ခုနှစ်ပါးတို့သည် အဆင့်တစ်ဆင့် ပိုမြင့်ကြသည် ဆိုသော်လည်း၊ သူမြင်ဖူးခဲ့သမျှ အကြွင်းမဲ့ မီးတောက်များသည် ပမာဏ အကန့်အသတ် ရှိကြသည်။ သူအခု မြင်တွေ့နေရသော အရာများနှင့် ယှဉ်လိုက်လျှင်၊ ရေတစ်ပေါက်နှင့် ပင်လယ်တစ်ခုကဲ့သို့ပင် ဖြစ်၏။ ဒါသည် အကြွင်းမဲ့ မီးတောက်တို့၏ ဖျက်ဆီးနိုင်စွမ်းနှင့် ထိုအလင်းတန်း၏ ဖျက်ဆီးနိုင်စွမ်းအားတို့၏၊ အရွယ်အစား ပမာဏ ကွာခြားမှုကို နှိုင်းယှဉ်ပြခြင်း ဖြစ်သည်။

လင်းဖုန်းသည် သူ၏လက်ချောင်းများဖြင့် ထီးကြီးကို ပို၍ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့၏။ သူသည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တတိယ တိုက်ခိုက်မှုအား ခုခံကာကွယ်ခဲ့သည် အချိန်တွင်၊ ပြင်းထန်စွာ တုန်ခါမှုကို ခံစားခဲ့ရ၍ ထီး၏လက်ကိုင်ကို လွတ်သွားမတတ်ပင် ဖြစ်သွားခဲ့ရသည်။ အခုအချိန်တွင်မူ၊ ပို၍ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက လာနေပေပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now