အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း

435 46 4
                                    

အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း

ချစ်ခြင်းနှင့် မုန်းခြင်းတို့သည် ကျပန်းသဘောအားဖြင့် ဖြစ်ပေါ်လာကြခြင်း မဟုတ်ကြပေ။

အစ်ကိုအကြီးဆုံး အနေဖြင့်၊ ရှောင်ယန်သည် သူ၏ ဂျူနီယာများအား အများအားဖြင့် ကာကွယ်စောင့်ရှောက် ပေးလေ့ရှိသည်။ တစ်စုံတစ်ခု ပြုလုပ်စရာရှိလျှင်၊ သူက ပထမဦးဆုံး ရှေ့ထွက်လာလေ့ရှိသည်။

ထို့ကြောင့်ပင် ရှောင်ယန်က ဒဏ်ရာရထားသည်ကို မြင်လိုက်ရသောအခါ၊ အားလုံးက ဒေါသထွက်လာကြခြင်း ဖြစ်သည်။

သို့သော်လည်း ရှောင်ယန်ဒဏ်ရာရခြင်း၏ အဓိက အကြောင်းရင်းကို သိသွားပြီးကြသောအခါ၊ သူတို့အားလုံးတို့သည် မှင်သက်သွားကြ၏။ ခဏအကြာတွင်မူ သူတို့သည် သတိပြန်ဝင်လာကြကာ၊ ရယ်သံများ မစဲကြတော့ပေ။

ရှောင်ယန်၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။ "ကောင်စုတ်လေးတွေ၊ ငါက ဒီလောက်အထိ ဒဏ်ရာရနေတာ၊ မင်းတို့က ရယ်ရဲကြသေးတယ် ဟုတ်လား?"

"ရယ်ကြပါ၊ ရယ်ကြပါ! ရယ်ဖို့ပဲ သိကြတယ်၊ ဒီလောက်အထိ ရယ်စရာ ကောင်းနေလား?"

ရှောင်ပုတန်သည်သည် မျက်နှာပိုး ကြိုးစား၍ သတ်လိုက်ကာ၊ ပြုံးလိုက်သည်။ "မ.. မဟုတ်ပါဘူး။ ရယ်စရာ မကောင်းပါဘူး။ ဟားဟား.. ရယ်စရာ မကောင်းပါဘူး၊ ဟားဟားဟား!"

စကားပြောနေရင်းနှင့်ပင်၊ ရှောင်ပုတန်လေးသည် မထိန်းနိုင်တော့ပဲ ဆက်တိုက်ရယ်နေခဲ့ရာ၊ ရှောင်ယန်သည် စိတ်ဓာတ်ကျသွားခဲ့လေသည်။

ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့သည်လည်း တိတ်တိတ်ကလေး ကြိတ်၍ ရယ်နေကြသည်။ ရှောင်ယန်၏ မျက်လုံးအစုံသည် သူတို့အနား ရောက်လာခဲ့ရာ၊ သူတို့၏ အမူအရာများကို ချက်ချင်း ပြောင်းလိုက်ကြသည်။ သို့သော်လည်း သူတို့၏ မျက်နှာများမှာ အောင့်ထားရ၍၊ နီရဲနေပေသည်။

ဝမ်လင်းသည် ရယ်လိုက်ကာ သူ၏ခေါင်းကို ခါလိုက်ပြီး၊ အရှေ့ကို ထွက်လာခဲ့၍ ရှောင်ယန်၏ ပခုံးအား ပုတ်လိုက်သည်။ "အစ်ကိုကြီး၊ အစ်ကိုကြီးက ကျွန်တော်နဲ့ မတူပါဘူး။ ဒီလောက်အထိကြီး ကြိုးစားဖို့ မလိုပါဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now