အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း

403 45 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၃

အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း

ကူရာမဲ့စွာဖြင့် ပြုံးနေသော ရှောင်ယန်အား ဟူရန်ရန်နှင့် နှစ်ယောက်တည်း ထားခဲ့လိုက်၍၊ လင်းဖုန်းသည် ရှောင်ပုတန်နှင့် ထွက်ခွာသွားခဲ့သည်။

အစောပိုင်းတွင် ဇူရီသည် သူ၏ စာမေးပွဲ လျှောက်လွှာများနှင့်အတူ၊ ယုကျင်းတောင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။

တောင်ပေါ်သို့ ပြန်ရောက်လာ အပြီးတွင်၊ ဇူရီသည် ဒုတိယမျိုးဆက် တပည့်များအား သင်ကြားမှု တာဝန်ကို ခန်းနန်ဟွာထံမှ လွှဲပြောင်းရယူလိုက်သည်။

ယုကျင်းတောင်ပေါ်မှ စိတ်ဝိညာဥ်စွမ်းအင် အမြောက်အမြားနှင့်အတူ၊ ဆယ်ကျော်သက် တစ်အုပ်စုတို့သည် လျှင်မြန်စွာနှင့် တိုးတက်လာခဲ့၏။ သူတို့၏ တိုးတက်မှုနှုန်းသည် အံ့ဩမှင်သက်ဖွယ် ကောင်းလှပေသည်။ ဇူရီသည် သူတို့၏ အနားတွင် မရှိသော်လည်း၊ သူတို့သည် ရေသာမခိုနေကြပေ။ ဇူရီသည် ယုကျင်းတောင်ပေါ်သို့ ပြန်ရောက်အပြီးတွင် သူတို့၏ ကျင့်ကြံမှုများကို ဆန်းစစ်လိုက်ရာ၊ သူတို့အားလုံးအား ကျေနပ်အားရနေခဲ့သည်။

လင်းဖုန်းကလည်း ဝမ်းမြောက်နေခဲ့သည်။ "သူတို့က ဒီနှုန်းအတိုင်းသာ ဆက်လက်တိုးတက်လာခဲ့မယ် ဆိုရင်၊ ငါတို့ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ဟာ အမတန်ကိုမှပဲ တည်ငြိမ်နေမှာပဲ။ တပည့်တွေရဲ့ ကျင့်ကြံမှုအဆင့် တိုးမြင့်ဖို့အပြင်၊ ငါတို့ဂိုဏ်းက ပြင်ဆင်မွမ်းမံမှုတစ်ခု လိုဦးမယ်"

ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် သူတို့ဂိုဏ်း၏ ရေပန်းစားမှုသည် မြင့်တက်လာခဲ့ကာ၊ နာမည်တစ်လုံးကို ရေးထိုးနိုင်ခဲ့သည်။ မူလကောင်းကင် ကမ္ဘာကြီး တစ်ခုလုံးတွင် ရိုသေအလေးထားမှု နေရာတစ်ခုကို ရနိုင်ဖို့အတွက်ဆိုလျှင်၊ ထိုခြေလှမ်းသည် အမတန်မှ အရေးကြီးသည်။

ဂိုဏ်း၏ ပြင်ပပုံရိပ်က မြင့်တက်လာသည်နှင့် အမျှ၊ အတွင်းမှ အထောက်အပံ့များနှင့် လေ့ကျင့်မှုများကလည်း လိုက်တက်လာဖို့ လိုအပ်သည်။ ထိုနှစ်မျိုးစလုံး ညီမျှစွာ တိုးတက်နေမှသာ၊ ဂိုဏ်းသည် ဆက်လက်၍ ရှေ့ဆက်တိုးတက်နိုင်မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now