အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ

416 46 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၁

အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ

လင်းဖုန်းသည် အစောကြီးကတည်းက၊ သူ၏ ဂိုဏ်းအတွင်းသို့ အခြားလူများသည် သူလျှိုများ လွှတ်လာကြမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း ရှကျိုးမှ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားမှသာ စတင်၍၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုအား ခံခဲ့ရခြင်း ဖြစ်သည်။ ထိုအရှိန်သည် အခုလတ်တလော ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင်၊ နောက်ထပ် အဆင့်တစ်ခု ထပ်မြင့်သွားခဲ့သည်။

သူက တပည့်များကို စတင်လက်ခံသည့် အချိန်တွင်ပင်၊ အချို့သူများသည် သူလျှိုများကို ထည့်သွင်းရန် ကြိုးစားနေကြသည်။ သူလျှိုမှာ တစ်ယောက်တည်းပင် ဖြစ်သော်လည်း၊ အချို့လူများသည် အတော်ကြီးကို ပြင်းပြင်းထန်ထန် ကြိုးစားထားကြသည်။

သို့သော်လည်း လင်းဖုန်းသည် နဂိုမူလဂိုဏ်းအား မစွန့်ခွာပဲ သူ့ထံသို့ ရောက်လာခဲ့သောသူအား၊ စနစ်ကြီး၏ ကျေးဇူးဖြင့် ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်။

လင်းဖုန်းသည် သူ့အား လက်ရင်းတပည့်အနေဖြင့် လက်မခံခဲ့သော်လည်း၊ ထိုသူသည် သူ၏တပည့် တစ်ယောက်ယောက်၏ လက်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သဖြင့်၊ သူအား လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ နောက်တွင် သူသည် အသုံးဝင်လာနိုင်ကာ၊ မမျှော်မှန်းထားသော အကျိုးအမြတ်များကို ပေးနိုင်လေသည်။

လင်းဖုန်း သတိထားရမည့်သူမျိုးမှာ၊ မူလဂိုဏ်းမှ ထုတ်အပယ်ခံရပြီးမှ သူ့ဂိုဏ်းသို့ လာရောက်ရန် စေအခိုင်းခံရသူများပင် ဖြစ်သည်။ ထိုကဲ့သို့သော သူလျှိုများကိုမူ ဖော်ထုတ်ရန် မလွယ်ပေ။

သို့သော်လည်း ထိုကဲ့သို့သော သူမျိုးမှာ သူ့ဂိုဏ်းဟောင်း၏ နည်းစနစ်များကို ကျင့်ကြံနိုင်ခြင်း မရှိပဲ၊ အကျိုးကျေးဇူးများကိုလည်း ခံစားနိုင်မည် မဟုတ်သဖြင့်၊ သူ၏ သစ္စာရှိမှုသည် ကြံ့ကြံ့ခံနိုင်မည် မဟုတ်ချေ။ သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဘက်သို့ပင် ပါလာနိုင်ပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now