အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း

374 45 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၄

အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း

"စာအုပ်ကြီး အတိုင်းပဲ မစဥ်းစားပဲ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားပြီး၊ အကန့်အသတ်တွေရဲ့ အထဲကနေ ခုန်ထွက်ရမယ်။ မင်းတို့ရဲ့ နှလုံးသားအတိုင်း စဥ်းစားမယ်ဆိုရင် ပုံရိပ်ယောင်တွေကို ကျော်လွှားနိုင်ပြီး၊ ဒီဝင်္ကပါထဲက ထွက်ဖို့က မခက်ခဲ့ပါဘူး" ရှောင်ပုတန်က ပျော်ရွှင်မြူးတူးစွာနှင့် ပြောလိုက်သည်။

သူ၏ဘေးတွင် ဝမ်လင်းက တိတ်တဆိတ်ဖြင့် ပြောလိုက်သည်။ "ကိုယ့်ရဲ့ စိတ်ဓာတ်တွေကို မယိမ်းယိုင်စေပဲ ခိုင်မာစွာ ထားရမယ်။ ကိုယ့်ရင်ထဲက အစစ်အမှန် ပုံရိပ်နဲ့ ပုံရိပ်ယောင်တွေကို  ဖယ်ရှားရမယ်"

သူသည် ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအတွင်းသို့ ငေးကြည့်လိုက်ကာသည်။ "ကျွန်တော်က အထဲကို မဝင်ရပေမဲ့၊ ဒီဝင်္ကပါအထဲက ခရမ်းရောင် တိမ်တိုက်တွေက သွေးလေချောက်ချားပြီး စိတ်ကယောက်ကတမ်း ဖြစ်စေတယ် ဆိုတာကို သတိထားမိတယ်။ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားပြီး နှလုံးသားကို ကြည်လင်စွာ ထားနိုင်မှ၊ ဝင်္ကပါအထဲကနေ ထွက်နိုင်မယ့် နည်းလမ်းကို ရှာနိုင်မှာ ဖြစ်တယ်"

သူ့လက်ရင်းတပည့်များ၏ စကားဝိုင်းကို နားထောင်နေရင်း လင်းဖုန်း၏ အကြည့်သည်၊ လေပေါ်မှ ဒုတိယမျိုးဆက် တပည့်များ၏ ပုံရိပ်အပေါ်သို့ ကျရောက်သွားခဲ့သည်။ "ပင်ကိုစွမ်းရည် ခြားနားမှုက ကြီးမားသေးတာပဲ" သူသည် တိတ်တဆိတ်နှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

အကယ်၍ ရှောင်ယန်နှင့် ကျန်သောသူများ ဖြစ်ခဲ့လျှင်၊ သူတို့သည် ချီသာဝက အဆင့်မှာပင် ဖြစ်စေကာမူ၊ ဝင်္ကပါအတွင်းသို့ ဝင်သွားပြီးလျှင် လင်းဖုန်း၏ သဲလွန်စများဖြင့်၊ မှန်ကန်သော လမ်းကြောင်းကို လျှင်မြန်စွာနှင့် ရှာတွေ့နိုင်မယ် ဖြစ်သည်။ ယခု ဒုတိယမျိုးဆက် တပည့်များမှာ အထူးချွန်ဆုံးသော တပည့်များသည်ပင်လျှင်၊ အရင်ဆုံး ဝင်္ကပါအတွင်းမှ နရံများကို ဝင်တိုက်မိပြီးမှ ဝင်ပေါက်သို့ ပြန်လာကာ၊ အသစ်တစ်ဖန် ပြန်စဥ်းစားနေရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now