အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?

387 54 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၈

အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?

ဘာပဲပြောပြော လျှမ်ကန်းသည် မဟာကျိုး အင်ပါယာမှ မင်းသားတစ်ပါးသာ ဖြစ်ပြီး၊ အိမ်ရှေ့မင်းသား မဟုတ်ပေ။ သူသည် ကြယ်စင်သူတော်စင်မှ ကိုယ်တိုင်စောင့်ရှောက်ခြင်းအား ခံရသော၊ မဟာချင် အင်ပါယာမှ ချုံးယွင်မင်းသားနှင့်တော့ ယှဥ်၍မရချေ။ သို့သော်လည်း အခြေတည် ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ နှစ်ယောက်၏ ကာကွယ်ခြင်းအား ခံရခြင်းသည်လည်း၊ အတော်ဟုတ်နေပြီဟု ပြော၍ရ၏။

ရွှေရောင်ဗဟိုချက် အဆင့်မှ သက်လတ်ပိုင်းလူကြီးသည်၊ ကြည့်ရသည်မှာ ရဲစွမ်းသတ္တိရှိ၍ ဉာဏ်ပညာနှင့် ပြည့်စုံသည်ဟု ထင်နေရသည်။ ဒါကလည်း ပုံမှန်ဖြစ်သည်။ ကျင့်ကြံမှု အဆင့်အတန်း ပိုမြင့်တိုင်း၊ အသိဉာဏ် ပိုရှိသည်ဟု ပြော၍မရပေ။ အထူးသဖြင့် အိမ်ရှေ့မင်းသား ရာထူးအတွက် ပြိုင်ဆိုင်နေသည့် လျှမ်ကန်းသည်၊ အကြံပေးမည့် ပညာရှိတစ်ယောက်ကို လိုအပ်ပေသည်။

ထိုလူများနှင့် ယှဥ်လိုက်သော်၊ ချူးယန်ဟုသော လူငယ်သည် အနည်းငယ် ကွဲပြားခြားနားပေသည်။

သူသည် သာမန်သာ ဝတ်စားထားသော်လည်း၊ သူ၏ပုံစံမှာ အခြားသူများနှင့် မတူနေပေ။

အထူးသဖြင့် သူသည် သူ့အသက်အရွယ်မှ လူငယ်များနှင့် မတူသော၊ စိတ်ဓာတ်ကျသည့် အရိပ်အယောင်များကို သူ၏မျက်ဝန်းတွင် တွေ့နေရသည်။

လင်းဖုန်းသည် ဇူရီအား မေးလိုက်သည်။ "ဇူရီ၊ မင်းက ချူးယန်နဲ့ စတွေ့ကတည်းက၊ သူက ဒီပုံစံအတိုင်းပဲလား?"

"ဆရာ ကျွန်တော်က သူနဲ့ ပထမဆုံး အကြိမ် စတွေ့တုံးက၊ သူက သူ့ကိုယ်သူ သေချာစွာ ဖုံးကွယ်ထားခဲ့တယ်။ ကြည့်ရတာ သူက လျှမ်ကန်းရဲ့ နောက်လိုက်တစ်ယောက် ပုံစံမျိုးပဲ" ဇူရီသည် လင်းဖုန်း၏ မေးခွန်းကို သူ၏ မှော်စွမ်းအင်ဖြင့် ပြန်ဖြေလိုက်သည်။ "အစတုံးက လျှမ်ကန်းက သူ့ကို တောင်ပေါ်ကို ခေါ်လာတုံးကလည်း၊ ကျွန်တော်က သတိမထားမိဘူး။ သူက လျှမ်ကန်းရဲ့ လူယုံတစ်ယောက်လို့ပဲ ထင်နေခဲ့တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now