အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်

388 47 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၂၀

အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်

လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားသည် တောင်ကြားများအတွင်းတွင် လျှင်မြန်စွာ ရွေ့လျားနေခဲ့၍၊ လျှိုမြောင်တစ်ခုအတွင်းသို့ မကြာခင်တွင် ရောက်ရှိသွားခဲ့သည်။ ထိုလျှိုမြောင်သည် ချက်ချင်းပင် လင်းလက်စွာနှင့် တောက်ပသွားခဲ့၏။

"အိုး?" လင်းဖုန်းသည် မျက်မှောင်ကြီးကို အတန်ငယ်ကြုတ်လိုက်သည်။ ထိုအလင်းတန်းကို ဖော်ထုတ်လိုက်သော မှော်အိုင်တမ်သည် ရွှေရောင်ဗဟိုချက် အဆင့်မှ မှော်အိုင်တမ်သာ ဖြစ်သည်။  မည်ကဲ့သို့မျှ ထူးခြားမှုများ မရှိခဲ့ပေ။

လင်းဖုန်းအား အံ့ဩစေသော အချက်မှာ၊ ထိုမှော်အိုင်တမ်အား အသုံးပြုခဲ့သူမှာ ချီသာဝက အဆင့်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုသော်၊ လင်းဖုန်း၏ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အပါအဝင် ဂိုဏ်းအများစုသည်၊ တပည့်တစ်ယောက်၏ ကျင့်ကြံမှု အဆင့်ထက် တစ်ဆင့်သာပိုမြင့်သော မှော်အိုင်တမ်များကိုသာ ပေးကြခြင်း ဖြစ်သည်။

လင်းဖုန်းသည် သူ၏ တပည့်များ အပေါ်တွင် လွန်စွာ ရက်ရောသောသူဖြစ်သည်။ သူ၏ ရက်ရောမှုများကို အခြားဂိုဏ်းများကပင် အားကျနေရ၏။ ရှောင်ယန်တို့တတွေသည် အခြေခံအုတ်မြစ် အဆင့်တွင် ရှိကြတုံးက၊ သူတို့သည် ရွှေရောင်ဗဟိုချက် အဆင့်မှ မှော်အိုင်တမ် တစ်ခုစီ ရှိကြ၏။

သူတို့သည် ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်နိုင်အပြီးတွင်၊ သူတို့အား အခြေတည်ဝိညာဥ် အဆင့်မှ မှော်အိုင်တမ် တစ်ခုစီ ပေးထားခဲ့သည်။ သူတို့သည် အခြေတည်ဝိညာဥ်အား ဖန်ဆင်းနိုင်ခဲ့ပါကလည်း၊ လင်းဖုန်းသည် သူတို့အား မှော်ရတနာ တစ်ခုစီ ပေးဦးမည် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်မှာ လိုဦးမည်ဖြစ်ပြီး၊ လင်းဖုန်းကလည်း ထိုကဲ့သို့ တတ်နိုင်မလား ဆိုသည်ကို မသေချာသေးပေ။

အစောပိုင်းက ရှင်းယွင်တောင်ထိပ်တွင်၊ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာအား ရှောင်ယန်အား ပေးလိုက်ချိန်တွင်၊ ထိုတိုက်ပွဲသည် ရှောင်ယန်နှင့် ရှီချုံးယွမ်တို့၏ အကြားမှ တိုက်ပွဲမဟုတ်တော့ပဲ၊ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာနှင့် နတ်ဆိုးအရိပ်ဓားတို့၏ အကြားမှ တိုက်ပွဲနှင့် ပိုတူသွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now