အပိုင်း ၃၉၃ - ၃၉၄

514 61 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၃

အပိုင်း ၃၉၃ : တိုက်ပွဲ၏ ရလဒ်များကို ပြန်လည်သုံးသပ်ခြင်း

ကျိုးဧကရာဇ် လျှမ်ပန်းသည် နဂါးပုလ္လင်ပေါ်တွင် ထိုင်နေခဲ့ကာ၊ သူ၏ အရှေ့မှ လူသုံးယောက်အား ကြည့်နေခဲ့သည်။ ရွှမ်ကျိအမတ် ဇူဟုန်ဝူ၊ ယန့်မင်းရွဲ့နှင့် မေဝူလန်တို့ ဖြစ်ကြ၏။

"ဝူလန်၊ ငါ့ကို ဒီကိစ္စ ဆောင်ရွက်ပေး"

အမိန့်အပေး ခံလိုက်ရသော် မေဝူလန်သည် ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။ "မှန်လှပါ၊ အရှင်မင်းမြတ်"

လျှမ်ပန်းသည် ရွှမ်ကျိအမတ် ဇူဟုန်ဝူအား ကြည့်လိုက်ကာ၊ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မဟာချင် အင်ပါယာက မကြာခင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်တော့မယ်။ ငါတို့ကလည်း လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။ ငါတို့ ဝင်ပါမှာကို လူအများကြီးက မလိုမလား ဖြစ်နေကြတယ်။ အဲ့ဒီလူတွေကို ငါ့အတွက် တာဝန်ယူပေးလိုက်ပါ၊ ဟုန်ဝူ"

ဇူဟုန်ဝူက ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ အရှင်မင်းမြတ်။ လာရှုပ်တဲ့ သူတွေကို ကျွန်တော်မျိုး တာဝန်ယူလိုက်ပါ့မယ်"

ယန့်မင်းရွဲ့သည် ဘေးမှနေ၍ ရုတ်တရက် ဝင်ပြောလိုက်၏။ "နံပါတ်လေး မင်းသားက စူတောင်ကို သွားနေတဲ့ လမ်းပေါ်မှာ ရောက်နေတယ်။ မဟာကျိုး အင်ပါယာက အနှောင့်အယှက်တွေများ တွေ့နိုင်မလား"

လျှမ်ပန်းက ဖွဖွလေး ပြုံးလိုက်သည်။ "မင်းက ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး။ ငါ့မှာ ကိုယ်ပိုင် အစီအစဥ်တွေ ရှိပြီးသားပါ"

ယန့်မင်းရွဲ့၏ မျက်လုံးအစုံမှာ တောက်ပသွားခဲ့ကာ၊ ငြိမ်သက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမ၏ ရင်ထဲတွင် သံသယများ ဖြစ်လာခဲ့၏။ "တကယ်လို့ နံပါတ်လေး မင်းသား လျှမ်ခွန်းဟာ စူတောင်မှာ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင်၊ မဟာကျိုးနဲ့ စူတောင်တို့နဲ့က ရန်သူတွေ ဖြစ်သွားလိမ့်မယ်။ ဇူဟုန်ဝူနဲ့ လျှမ်ပန်းတို့က ဒါကို မတွေးမိမှာတော့ မဟုတ်လောက်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now