အပိုင်း ၄၀၃ - ၄၀၄

403 42 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၁၃

အပိုင်း ၄၀၃ : အုတ်ဂူဘေးမှ တွေ့ဆုံမှု

လင်းဖုန်းသည် ချင်းယန်တောင်သို့ ရောက်ရှိလာသောအခါ ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများမှာ တောင်ခြေတွင် သူ့အား စောင့်ကြိုနေကြ၏။

သူတို့သည် ဇူရီ၏ ကွယ်လွန်ခဲ့ပြီဖြစ်သော မိခင်၏ အုတ်ဂူအား လာရောက် ဂါရဝ ပြုကြခြင်းကို သိနေခဲ့ကြသဖြင့်၊ ရှီထျန်းဟောင် မဆိုထားနှင့် ပုံမှန်ဆိုလျှင် ဆူညံဆူညံ လုပ်နေတတ်သော ထွမ်းထွမ်းပင်လျှင် ငြိမ်သက်စွာဖြင့် မတ်မတ်ရပ်နေခဲ့သည်။

လင်းဖုန်းသည် ဇူရီအား တွေ့လိုက်သောအခါ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မင်းရဲ့ စာမေးပွဲ ရလဒ်တွေကို ထျန်းဟောင်ကငါ့ကို ပြောပြီးသွားပြီ။ ကောင်းတယ်။ တကယ်လို့ နောက်ဘဝက မင်းရဲ့မိခင် ကြားသိမယ်ဆိုရင်လည်း၊ ဝမ်းမြောက်နေမှာ သေချာတယ်"

"ကျွန်တော်က ဆောင်းဦးရာသီရဲ့ နန်းတွင်းစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး၊ ကျွန်တော့်ရဲ့ နာမည်ကို ရွှေဆိုင်းဘုတ်မှာ ရေးထွင်းပြီးသွားမှသာ၊ ဒီနေရာကိုလာပြီး ဆုတောင်းကာ ကောင်းကင်ဘုံက မိခင်ရဲ့ စိတ်ဝိညာဥ်ကို နှစ်သိမ့်ပေးမလို့ပါ။ ဒါပေမဲ့ ကျွန်တော်က အုတ်ဂူကိုလာပြီး သန့်ရှင်းရေးမလုပ်တာ အတော်ကြာသွားပြီ ဖြစ်တဲ့အတွက်၊ မိခင်ရဲ့ အုတ်ဂူက မသန့်မရှင်းဖြစ်နေမှာ စိုးတဲ့အတွက် ဒီကနေ့မှာ လာရောက်ရခြင်း ဖြစ်ပါတယ်"

လင်းဖုန်းက ခေါင်းညိတ်လိုက်၏။ "ဒါကလည်း ဖြစ်သင့်ပါတယ်"

ခေတ္တမျှ ချီတုံချတုံ ဖြစ်အပြီးတွင်၊ ဇူရီက တိတ်တဆိတ် မေးလိုက်သည်။ "ဆရာ၊ ကျွန်တော်က မိခင်ရဲ့ အုတ်ဂူကို ဂိုဏ်းဆီကို ယူသွားချင်တယ်။ ဆရာက ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ကောင်းပြီ" လင်းဖုန်းက အတည်ပြုပေးလိုက်၏။ "ကိစ္စမရှိဘူး၊ ဆက်လက်ပြီးမှ ဆောင်ရွက်ပါ"

ဇူရီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ကျေးဇူးပါ၊ ဆရာသခင်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now