အပိုင်း ၄၁၁ - ၄၁၂

443 46 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁

အပိုင်း ၄၁၁ : ငါးစာချခြင်း

နတ်ရေကန်ဂိုဏ်းမှ ကျင့်ကြံသူများ အတွင်းတွင်၊ ယခင်က ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် ပါဝင်ခဲ့ကြသူများလည်း ပါနေကြသည်။ သို့ဖြစ်၍ သူတို့သည် မဟူရာ နဂါး၏ အပေါ်တွင် ထိုင်နေကြသူများမှာ၊ ဇူရီနှင့် ယွဲ့ဟုန်ယန်တို့ ဖြစ်ကြသည်ဟု သိလိုက်ကြ၏။

အနက်ရောင် နဂါး၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ဟင်းလင်းပြင် အက်ကွဲကြောင်း အတွင်းမှာ ထွက်လာခဲ့အပြီးတွင်၊ အနောက်မှနေ၍ တောင်ကုန်းတစ်ကုန်း အရွယ်အစားရှိသည့် သားရဲတစ်ကောင်က လိုက်ထွက်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးသည် မီးခိုးရောင် သန်းနေခဲ့၍၊ ဦးချိုတစ်ချောင်းမှ မရှိခဲ့ပေ။ သူသည် ခြေထောက်တစ်ချောင်းတည်း ရှိ၍၊ နွားသိုးတစ်ကောင်နှင့် တူနေခဲ့၏။

ထိုဧရာမ သားရဲကြီး၏ ခေါင်းပေါ်တွင်၊ အလွန်ကြည့်၍ကောင်းလှသော လူငယ်လေး တစ်ယောက်က ထိုင်နေခဲ့သည်။ အနက်ရောင် ဆံပင်ရှည်များက သူ၏အနောက်တွင် လွင့်နေခဲ့၍၊ သူ၏ အသားအရေမှာ ဖြူဆွတ်နေခဲ့၏။ သူ၏ မျက်လုံးများမှာမူ မည်းနက်နေခဲ့ကာ လှည့်ပတ်နေကြသည်။

သူတို့၏ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို နတ်ရေကန်ဂိုဏ်းမှ ကျယ်လောင်စွာ ဖော်ထုတ်ခဲ့အပြီးတွင်၊ အားလုံးတို့သည် သူတို့၏ အရှေ့တွင် ပေါ်လာကြသူများမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဖြစ်မှန်းကို သိလိုက်ကြ၏။ ထိုလူငယ်လေး ပေါ်လာသော အခါတွင်၊ သူတို့ကဒါသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ နာမည်ကျော် ပါရမီရှင်လေးဖြစ်သည့် ရှီထျန်းဟောင် ဖြစ်မှန်းကို သိလိုက်ကြ၏။

ယခင်က ခွန်းလွန်တိုက်ပွဲတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ အတွင်းတွင်၊ အထူးချွန် အပြောင်မြောက်ဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူမှာ ရှောင်ပုတန်ဟုခေါ်သော ရှီထျန်းဟောင်ပင် ဖြစ်သည်။

သူသည် အားလုံးတို့၏ မျှော်မှန်းချက်အား ကျော်လွန်ကာ ယုမိသားစု၏ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ ယုရှီးလင်အား၊ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်နှင့် အနိုင်ယူနိုင်ခဲ့သည်။ လူအားလုံးတို့သည် သူ၏ တောက်ပလှသည့် စွမ်းဆောင်ရည်များကို အထင်ကြီးလေးစားခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now