အပိုင်း ၄၁၃ - ၄၁၄

405 46 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ :  အပိုင်း ၃

အပိုင်း ၄၁၃ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ

နတ်ရေကန်ဂိုဏ်းမှ အကြီးအကဲ၏ စွပ်စွဲချက်အား ကြားလိုက်သောအခါ၊ ကျန်သောသူများသည် မျက်မှောင်များကို ကြုတ်လိုက်ကြ၏။

ငယ်ရွယ်သော ကျင့်ကြံသူများသည် ရင်ထဲမှနေ ကျိတ်၍ ရယ်နေကြ၏။ ထိုအခြေတည်ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ ပြောလိုက်သော အရာသည်၊ သူ့ကိုယ်သူ ပြန်ဆဲနေခြင်းနှင့် တူနေပေသည်။

နတ်ရေကန်ဂိုဏ်းမှ ထိုဂရန်းမာစတာသည် ဒေါသတကြီးဖြင့် စကားပြောမှားသွားခဲ့သည်ဟု ထင်နေရသော်လည်း၊ အမှန်မှာမူ သူက ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်သည်။ သူသည် အခြားသူများ၏ ဒေါသမီးများကို တောက်လောက်လာစေရန် ယပ်ခတ်ပေးခဲ့ခြင်း ဖြစ်ကာ၊ အားလုံးကို အုပ်စုဖွဲ့၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ရန်တိုက်ပေးခဲ့ခြင်း ဖြစ်သည်။

ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် အချင်းချင်း ကြည့်လိုက်ကြသော်လည်း၊ ဘာမှမသိသည့် ပုံစံမျိုး ဖမ်းထားခဲ့ကြသည်။

ကျူးကော်ဖန်းလင်က တစ်ခစ်ခစ်နှင့် ရယ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်မတို့က ဒီနေရာကို ရောက်လာတဲ့ အချိန်မှာ ရှုခင်းတွေက လှလွန်းလို့၊ တစ်ပတ်ပတ်ကြည့်နေတာ။ ဒါပေမဲ့ စီနီယာက ကျွန်မတို့ရဲ့ အနောက်ကို လိုက်လာခဲ့တယ်။ ကျွန်မကလည်း စီနီယာက ဘာဖြစ်လို့ ကျွန်မတို့ အနောက်ကို လိုက်လာသလဲ ဆိုတာကို သိချင်နေခဲ့တာ"

နတ်ရေကန်ဂိုဏ်းမှ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ဂရန်းမာစတာသည် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။ "ကောင်မစုတ်၊ မဟုတ်တာတွေ လျှောက်ပြောနေတယ်၊ သေစမ်း!"

သူ၏လက်အား ဝှေ့ယမ်းလိုက်ရာ၊ ရေခဲမီးတောက်များသည် ကွေနွားဘုရင်၏ အပေါ်တွင် ထိုင်နေသည့် ကောင်မလေးထံသို့ ရောက်ရှိလာကြသည်။

နတ်ရေကန်ဂိုဏ်းမှ အခြားကျင့်ကြံသူများ၏ မျက်နှာများသည်လည်း အလွန်အမင်း မသာမယာ ဖြစ်နေကြသည်။ သူတို့၏ မှော်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြကာ၊ ဇူရီ၊ ရှောင်ပုတန်နှင့် အခြားသူများထံ ဦးတည်လိုက်ကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now