အပိုင်း ၄၁၉ - ၄၂၀

399 49 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၉

အပိုင်း ၄၁၉ : တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း

ကျွင်းကျိနင် အနေနှင့် သူမသည် ခရမ်းရောင် တိမ်တိုက်ဂိုဏ်းတွင် အချိန်ကာလ တစ်ခုအထိ ကျင့်ကြံခဲ့ဖူးသော်လည်း၊ သူမသည် အခြေခံအုတ်မြစ် အဆင့်သို့ပင် မရောက်သေးပေ။ အပြာရောင်ခန်းမ သူတော်စင်ကဲ့သို့သော လူတစ်ယောက်အဖို့၊ သူမအား သတိထားမိမည် မဟုတ်ပေ။

သူမသည် အိမ်တွင် အလိုလိုက်ခြင်း ခံထားရသော်လည်း၊ သူတို့နှစ်ဦးနှစ်ယောက်၏ ကျင့်ကြံမှု အဆင့်မှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်ကို မည်သူမှ မငြင်းနိုင်ပေ။ ပုရွက်ဆိတ်နှင့် ဆင်အကြားမှ ကွာခြားချက်ကဲ့သို့ ဖြစ်၏။ ထို့ထက်ပင် ပိုနိုင်သေးပေသည်။

အမှန်အတိုင်းပြောရလျှင် သူမသည် အပြာရောင်ခန်းမ သူတော်စင်အား တစ်ကြိမ်တစ်ခါသာ မြင်ဖူးပေသည်။ ထို့အပြင် သူမသည် အဝေးမှသာ မြင်ဖူးခြင်း ဖြစ်၏။ ကျွင်းကျိနင်သည် အပြာရောင်ခန်းမ သူတော်စင်က သူမအား ကြည့်ပင် မကြည့်ပဲနှင့်၊ သူမကို မှတ်မိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သို့သော်လည်း သူမ မသိသည့် အချက်မှာ အပြာရောင်ခန်းမ သူတော်စင်ကဲ့သို့သော အားကောင်းသည့် စိတ်ဝိညာဥ်သည်၊ တစ်စုံတစ်ယောက်အား မှတ်မိရန်အတွက် အကြည့်တစ်ချက်သာလိုသည် ဟူသော အချက်ပင် ဖြစ်သည်။ သူလိုအပ်သောအခါ မှတ်ဉာဏ်များအတွင်း ဝင်ရှာလိုက်သည်နှင့် သူလိုချင်သော အချက်များကို ရှာတွေ့နိုင်ပေသည်။

အပြာရောင်ခန်းမ သူတော်စင်သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား အလွန်အမင်း အာရုံစိုက်နေခြင်း ဖြစ်သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဘက်မှ ပေါ်လာသောသူ မှန်သမျှကို၊ သူသည် မှတ်မိနေခြင်း ဖြစ်၏။

သူသည် ကျွင်းကျိနင်အား မြင်လိုက်သောအခါ၊ သူမသည် ရင်းနှီးကျွမ်းဝင်နေသည်ဟု သတိထားမိ၏။ အချိန်အနည်းငယ်မျှ ပြန်လည်စဥ်းစားအပြီးတွင်၊ ကျွင်းကျိနင်နှင့် ပတ်သတ်သော အကြောင်းအရာများသည် သူ၏ခေါင်းအတွင်းတွင် ပေါ်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now