အပိုင်း ၄၂၁ - ၄၂၂

415 45 1
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၁

အပိုင်း ၄၂၁ : မဟူရာပင်လယ်မှ မုန်တိုင်း၊ လျှို့ဝှက်ကျမ်းစာ၏ ဗဟိုချက်

စွန်းဖူ၏ ပြန်ကြားချက်အား ကြားရအပြီးတွင် လင်းဖုန်းသည် အတန်ငယ် အံ့ဩသွားခဲ့ကာ၊ သူ၏ မျှော်လင့်ချက်များနှင့် တခြားစီ ဖြစ်သွားခဲ့၏။

မိစ္ဆာသခင် အဆင့်က မိစ္ဆာတစ်ကောင်က ယုကျင်းတောင်ပေါ်ကို ဘာလာလုပ်မှာလဲ။

လင်းဖုန်းက မေးလိုက်သည်။ "သူမရဲ့ ယုကျင်းတောင်ကို လာချင်တဲ့ အကြောင်းရင်းက ဘာများလဲ"

စွန်းဖူက ပြန်ဖြေလိုက်သည်။ "သူမက မာစတာလင်းနဲ့ ပြောစရာရှိလို့လို့ ပြောပါတယ်။ ကျွန်တော့်ကိုတော့ အသေးစိတ် ဘာမှ မပြောပြပါဘူး"

"သူမက ဘယ်မျိုးနွယ်စုကလဲ"

"နဂါးမျိုးနွယ်စုကပါ" စွန်းဖူက အသေအချာ ပြန်ဖြေလိုက်၏။

ထိုစကားအား ကြားပြီးသောအချိန်တွင် လင်းဖုန်းသည် အချိန်အတန်ငယ်မျှ စဥ်းစားလိုက်ပြီးနောက်၊ တစ်စုံတစ်ခုအား တွေးမိလိုက်သည်။ သူ၏နှုတ်ခမ်းများတွင် ပြုံးယောင်သန်းလာခဲ့ပြီး ပြောလိုက်သည်။ "ကျုပ်သိပြီ။ သူမကို ကျုပ်နဲ့ ယုကျင်းတောင်က၊ ခွန်းလွန်တောင်ကို မကြာခင်မှာ ပြန်လာခဲ့မယ်လို့ ပြောလိုက်ပါ"

စွန်းဖူနှင့် ဆက်သွယ်မှုကို ဖြတ်တောက်အပြီးတွင်၊ လင်းဖုန်းသည် တည်ငြိမ်သော အမူအရာကိုသာ ဖော်ပြထားသော်လည်း၊ သူ၏ ရင်ထဲတွင် အတော့်ကို တက်ကြွနေ၍ အရေအတွက်သုံးခု အင်းရှစ်ကွက်မှ မီးတောက်သည် တောက်ပစွာနှင့် လောင်ကျွမ်းနေခဲ့၏။

သူသည် ရှကျိုးမှ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားတွင်၊ ယန့်မင်းရွဲ့မှ မဟူရာနဂါး ကျဲယုအပေါ်တွင် တစ်စုံတစ်ခု ပြောထားသည်ကို မှတ်မိလိုက်၏။

"ကျဲယုဟာ ဟင်းလင်းပြင် ဘုရားကျောင်းက နဂါးရေအိုင်ထဲမှာ၊ ရှေးပဝေသဏီက နတ်နဂါး မျိုးနွယ်စုက နဂါးမတစ်ကောင်နဲ့ လက်ထပ်ထားတယ်။ ပြီးတော့ အဲ့ဒီ နဂါးမက မိစ္ဆာသခင် အဆင့်မှာ ရှိနေတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now