အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂

412 41 0
                                    

စာစဥ် ၂၅ : အပိုင်း ၁၀

အပိုင်း ၄၆၀ : တစ်ခဏအတွင်းမှ ပြောင်းလဲမှုများ

စူတောင်ဓားဂိုဏ်း၊ မဟာကျိုး အင်ပါယာ၊ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ။

ကွဲပြားခြားနားသော အင်အားစု လေးခုတို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်၍၊ လင်းဖုန်းအား ခေါင်းဖြတ်ကာ တိမ်တိုက်တောအုပ် သစ်ပင်များကို မယူဆောင်နိုင်ရန် တားဆီးလိုက်ကြ၏။

တိမ်တိုက်တောအုပ် သစ်ပင်များသည်၊ မဟာစိတ်ဝိညာဥ် သစ်ပင်လေးပင်တွင် အပါအဝင်ဖြစ်၍ လျှို့ဝှက်ဆန်းကြယ်သော ဂျင်ဆင်းအသီး သစ်ပင်၏ မျိုးကွဲတစ်မျိုး ဖြစ်သည်။ တိမ်တိုက်တောအုပ် မှော်သစ်သီးသည် ဂျင်ဆင်းအသီးလောက် မှော်မဆန်သော်လည်း၊ အလွန်အမင်း ရှားပါး၍ အစွမ်းထက်သော မှော်သစ်သီးဖြစ်၏။

သူတို့အား စားသုံးနိုင်သော ကျင့်ကြံသူများသည် အကျိုးအမြတ် များစွာတို့အား ရရှိနိုင်မည် ဖြစ်၏။ သစ်သီးတစ်လုံးသည်ပင် မတွက်ချက်နိုင်သော တန်ဖိုးကို ပိုင်ဆိုင်ထားလေသည်။

တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းမှ တိမ်တိုက်တောအုပ် သစ်ပင်များသည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိနေကြပြီ ဖြစ်၍၊ စိတ်ဝိညာဥ် စွမ်းအင် အမြောက်အမြားတို့အား စုဆောင်းခဲ့ကြပြီး ဖြစ်သည်။ အလယ်ကမ္ဘာ တစ်ခုလုံး၏ အသက်စွမ်းအင် အဆီအနှစ်များ အားလုံးတို့သည် သူတို့အတွင်းတွင် သိမ်းဆည်းထားကြခြင်း ဖြစ်သည်။

လုံရဲ့၊ စီးရီးယပ် မဟာပဏ္ဍိတနှင့် ပါရာဆို နတ်သမီးတို့သည်၊ ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတ၏ အကူအညီဖြင့် သစ်ပင်တစ်ပင်လုံးမှ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူနိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့သည် စိတ်ဝိညာဥ် စွမ်းအင်များ အားလုံးကို မချေဖျက်နိုင်ကြပြ၊ နောင်အနာဂတ်တွင် ဖြည်းဖြည်းချင်း ထပ်မံစုပ်ယူနိုင်ရန် သိမ်းဆည်းထားကြခြင်း ဖြစ်သည်။

ထိုမိစ္ဆာ မဟာပဏ္ဍိတသုံးပါးတို့သည် သူတို့၏ မျိုးနွယ်စုများ အတွင်းမှ ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် တိမ်တိုက်တောအုပ် သစ်ပင် အတွင်းမှ စိတ်ဝိညာဥ် စွမ်းအားများကို ကုန်စင်အောင် အသုံးမပြုနိုင်ကြပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now