အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆

387 45 2
                                    

စာစဥ် ၂၆ : အပိုင်း ၁၄

အပိုင်း ၄၈၄ : မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်

"ဝင်္ကပါကို တည်ဆောက်ကြစမ်း!"

ရှောင်စန်း ဓားမာစတာ၏ ဟိန်းဟောက်သံ အပြီးတွင်၊ လီရှုံ ဓားမာစတာ၊ ရှောင်ဇီ ဓားမာစတာနှင့် ကွမ်းချုံ ဓားမာစတာတို့သည် နောက်ဆုတ်သွားကြသည်။

ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည်၊ ဓားမှော်ကျိန်စာတစ်ခုကို လေးနက်စွာနှင့် ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ "ခံစားခြင်း!" သူတို့၏ အသံများ ပဲ့တင်ရိုက်လာသည်နှင့် တစ်ချိန်တည်း၊ ဓားအလင်းတန်း နှစ်တန်းတို့သည် ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

တစ်တန်းသည် တည်ငြိမ်၍ အေးချမ်းနေကာ၊ အခြားတစ်တန်းမှာ ခန့်မှန်း၍ မရပေ။ သူတို့သည် အဆုံးမဲ့ ပင်လယ်ဘုရင်နှင့် ကောင်းကင်သယ်ဆောင် ဧကရာဇ်တို့၏ တိုက်ခိုက်မှုများကို အားသုံး၍ တားဆီးလိုက်ကြသည်။

ထိုအင်အားမှာ အင်မော်တယ်ဝိညာဥ် ပထမ အဆင့်မှ ကျင့်ကြံသူတစ်ယောက် ရှိသင့်သည့် အင်အားမဟုတ်ပေ။

အားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၍၊ နတ်ကောင်းကင် ဓားအကြီးအကဲက လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ "ဒါက ရှောင်ယမ်ဓားနဲ့ မဟာလမင်း ဓားပဲ ဖြစ်တယ်!"

ထိုအချိန်တွင် ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည် သူတို့၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားများကို ဖော်ပြလိုက်ကြကာ၊ သူတို့၏ အင်မော်တယ် ဝိညာဥ်များကို ဓားရှည်နှစ်ချောင်း အတွင်းသို့ ထည့်သွင်းလိုက်ကြသည်။

သူတို့သည် ကျယ်ပြန့်၍ စွမ်းအားကောင်းသည့် မှော်ဓားပျံ နှစ်ခုတို့ ဖြစ်ကြသည်။ အဆုံးမဲ့ ဓားအော်ရာတို့သည် အရပ်မျက်နှာ ပေါင်းစုံသို့ ကျယ်ပြန့်သွားကြ၏။ ဒါသည် သာမန် မှော်ရတနာ တစ်ခု ပိုင်ဆိုင်နိုင်သော အရာများ မဟုတ်ကြပေ။

စူတောင်တွင် လူသတ်ရာတွင် အသုံးပြုသည့် စွမ်းအားကြီးသည့်၊ ကောင်းကင် ဓားရတနာ တစ်ခု ရှိမှန်း လူတိုင်းက သိထားကြသည်။ သူ၏ စွမ်းအားများသည် အဆုံးမဲ့ဖြစ်၍၊ စူတောင်၏ ကောင်းချီးမင်္ဂလာကို တည်ငြိမ်အောင် ပြုလုပ်ရာတွင် အသုံးပြုထားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now