အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉

452 49 2
                                    

စာစဥ် ၂၆ : အပိုင်း ၁၇

အပိုင်း ၄၈၇ : အမြဲလင်းလက်မည့် ကြယ်လော၊ တစ်ခဏသာ လင်းလက်မည့် ကြယ်ပျံလော

ဝူချင်လျှို၏ စာဖတ်ခန်းသည် တင်းကျပ်စွာဖြင့် ပိတ်ထားပြီး၊ အခန်းအတွင်းတွင် တစ်ယောက်တည်း ရှိနေခဲ့သည်။

လူငယ်တစ်ယောက်သည် စာဖတ်ခန်း အပြင်တွင် ငြိမ်သက်စွာဖြင့် ရပ်နေခဲ့၏။ သူသည် ဝူချင်လျှိုက အချိန်ယူ၍ စဥ်းစားနေမှန်းကို သိနေဟန်ဖြင့်၊ စိတ်ရှည်စွာနှင့် စောင့်ဆိုင်းနေခဲ့သည်။

"ငါက အစတုံးက ဒါဟာ သူမသာ၊ ကိုယ်မသာ အခြေအနေလို့ မှန်းထားခဲ့တယ်။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ၊ စူတောင်က ဒီလိုမျိုး ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလိမ့်မယ်လို့" ထိုလူငယ်သည် ဝူချင်လျှိုက အဘယ်ကြောင့် အတွေးနက်နေသည်ကို သိနေခဲ့သည်။ သူယူဆောင်လာသော သတင်းကြောင့်ပင် ဖြစ်၏။

အမှန်အတိုင်း ပြောရလျှင် ထိုလူငယ်သည် ထိုသတင်းကို စတင်ရရှိစဥ်ကလည်း၊ သူသည် အတော်ကို အံ့ဩထိတ်လန့်သွားခဲ့သည်။ သူသည် လင်းဖုန်းက နိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သို့သော်လည်း အခြေအနေမှာ လုံးဝကို ပြောင်းပြန် ဖြစ်သွားခဲ့၏။

အချိန်အတန် ကြာပြီးတော့မှ အခန်းတံခါး ပွင့်သွားခဲ့ပြီး၊ ဝူချင်လျှို၏အသံ ထွက်ပေါ်လာခဲ့သည်။ "ဝင်လာလို့ရပြီ၊ ယုယန်"

ထိုလူငယ်သည် အခန်းအတွင်းသို့ ဝင်သွားခဲ့ရာ၊ ဝူချင်လျှိုက စာအုပ်စင်၏ အနောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အမူအရာမှာ တည်ငြိမ်လျှက်ရှိပြီး၊ အတွေးနက်နေသည့်ပုံ ပေါက်နေ၏။

"စီနီယာ၊ အခြေအနေက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူး" လူငယ်လေး ဟွမ်ယုယန်သည် သူ၏ စကားလုံးများကို သေချာစွာ စဥ်းစားပြီးမှ ပြောလိုက်သည်။ "ရှင်းလုံစန်းက ကိုယ်တိုင်ကိုယ်ကျ ရောက်မလာခဲ့ပဲ နာယက အကြီးအကဲတွေကလည်း စူတောင်ကနေ ထွက်မလာပေမဲ့၊ သွားခဲ့တဲ့ မဟာ ဓားကျင့်ကြံသူ ငါးယောက်အနက်မှာ၊ လေးယောက်က မရှုမလှ ရှုံးနိမ့်သွားခဲ့တယ်"

"တောင်ခြောက်လုံး နတ်ဓားဝင်္ကပါကတောင် ပျက်စီးသွားခဲ့တယ်။ တကယ်လို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ကသာ မသက်ညှာခဲ့လို့ရှိရင်၊ သူတို့အားလုံးက အဲ့ဒီနေရာမှာ ကြွေလွင့်သွားနိုင်တယ်။ ဒါတောင်မှ ကွမ်းချုံ ဓားမာစတာရဲ့ စင်စင် ဖြစ်တည်မှုက အဖျက်ဆီး ခံလိုက်ရတယ်။ သူ့ရဲ့ ကျင့်ကြံမှုက တစ်ဆင့်ကျသွားခဲ့ပြီး၊ ရှောင်ယမ်ဓားနဲ့ မဟာလမင်းဓားတို့ကလည်း အသိမ်းပိုက် ခံလိုက်ရတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now