Chapter - 17

3.5K 382 143
                                    

Unicode
~~~~~~~~

ဧကရာဇ်မောင် အိပ်ယာကနေနိုးထလာတော့ အခန်းထဲမှာ ကုမုဒြာရှိမနေတော့ပေ ။ ဒါပေမဲ့မနေ့ကသိခဲ့ရတဲ့အမှန်တရားကြောင့် သူ့စိတ်ထဲမှာ ရှုတ်ထွေးနေခဲ့သည် ။ သူအမြဲမကောင်းမြင်ခဲ့တဲ့လူက သူ့အပေါ်ကောင်းပေးနေပြီး သူကိုယ်တိုင်က မျက်ကန်းတစ်ယောက်လို သတိမထားမိခဲ့ပေ ။

သူလွတ်မြောက်သွားလျှင် ပျော်ရွှင်ရလိမ်မည်ဟုတွေးထင်ခဲ့တဲ့ သူကိုယ်တိုင်က ထိုလူအဝေးကိုခနလေးထွက်သွားယုံနဲ့ လွမ်းစွတ်နေတဲ့စိတ်က ဖုံးကွယ်မရခဲ့ပေ ။  ဒီ ၂ ခုကိုပေါင်းစပ်လိုက်တဲ့အခါ သူတို့ကြားမှာ တစ်စုံတစ်ခုကတော့ လွဲမှားနေသည်ကို သတိပြုမိလာသည် ။

နောက်ထပ် မသိသေးတဲ့အရာတွေ ဘယ်လောက်များများရှိနေဦးမလဲ ?

ဧကရာဇ် သူ့ရဲ့အခန်းထံပြန်လာတော့ ကုမုဒြာက အရင်ကလို အဝတ်အစားပြင်ဆင်ပေးခြင်းမရှိတော့သလို ဂရုစိုက်မှုနည်းပါးလာသည် ။ ဧကရာဇ်မောင်က ကုမုဒြာ သူ့တာဝန်ကို မေ့လျော့နေတာလားဟုပင်ထင်မိလိုက်သည် ။ သူကိုယ်တိုင်က ဘာကြောင့်ဂရုစိုက်ခံချင်နေမှန်း ဧကရာဇ်မတွေးတတ်တော့ပေ ။

ဧကရာဇ် ရေချိုးပြီး ပြန်ထွက်လာတော့ ကသစ်ပန်းက အဝတ်အစားတွေကိုင်ပြီးစောင့်နေသည် ။ စောင့်နေတဲ့လူက သူမျှော်မှန်းထားတဲ့သူဖြစ်မနေ၍ ဧကရာဇ်မျက်နှာ သုန်မှုန်သွားသည် ။

" ကသစ် … မင်းဒီလိုတွေလုပ်ပေးဖို့မလိုပါဘူး "

" ကသစ်မောင့်ကို ဂရုစိုက်ပေးချင်လို့ပါ … မောင်ကမကြိုက်ဘူးလားဟင် "

" ဘယ်လိုပဲဖြစ်ဖြစ် ငါကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေတုန်းပဲ … မင်းကိုတာဝန်ယူပေးမယ်ဆိုပေမဲ့ ငါတစ်ယောက်ယောက်အပေါ်သစ္စာဖောက်သလိုမဖြစ်ချင်ဘူး "

ထိုအခါ ကသစ်ပန်းက မျက်နှာညှိုးငယ်သွားကာ ဧကရာဇ်မောင်သနားအောင်ဆိုလိုက်သည် ။

" ကသစ်က မောင့်အတွက် အရေးမပါတဲ့လူတစ်ယောက်မှန်း သိပါတယ် … ဒါပေမဲ့ ကသစ်ဒီတိုင်းလေးနေရတာကိုပဲ ဝမ်းသာနေပြီ … မောင်ကသစ်ကိုစွန့်ပြစ်မသွားဘူးမို့လားဟင် "

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now