Part - 21

24K 1.8K 73
                                    

Part - 21

                My Oleander Hubby

" ကျီ! !!! "

အိမ်ရှေ့ကိုရောက်တာနဲ့ ကားကိုကြမ်းတမ်းစွာထိုးရပ်လိုက်တာကြောင့် ထိုင်နေတဲ့လူက အရှေ့ကိုတောင်ငိုက်ကျသွားရသည် ။ နှစ်ယောက်စလုံးဘာစကားမှမပြောဘဲ အိမ်ပေါ်ထပ်က ကိုယ့်အခန်းထဲရောက်အောင်သာ အရင်ဆုံးဝင်လာလိုက်တယ် ။

ရာဇ်က အရှေ့ကလျှောက်လာတာမို့ အခန်းထဲရောက်ပြီး တံခါးပိတ်လိုက်တာနဲ့ ကိုယ်နောက်ကနေ
လက်ကိုလှမ်းဆွဲတာခံလိုက်ရတဲ့အခါ လူကိုနောက်
ပြန်လှည့်ကြည့်လိုက်ရင်း တဆက်ထဲမှာပဲ ---

" ခွပ်! !!!! "

" ငါ့ကို သူစိမ်းတွေ့အရှေ့မှာ စောက်ရှက်ခွဲလို့ "

အားပြင်းပြင်းနဲ့ထိုးချလိုက်တဲ့လက်သီးချက်က
ဦးသိဒ္ဓိရဲ့ မေးရိုးနဲ့နှုတ်ခမ်းအစပ်ပေါ်ကို ကျသွားတာမို့ နှုတ်ခမ်းထောင့်အနေ သွေးတွေချက်ချင်းထွက်
လာတော့သည် ။းတစ်လမ်းလုံး ထိန်းလာရတဲ့ဒေါသတွေက အိမ်ရောက်တာနဲ့ တားမနိုင်ဆီးမရတော့ပါ ။

ဦးသိဒ္ဓိကတော့ နှုတ်ခမ်းထောင့်ကသွေးစတွေကို သူ့လက်မနဲ့သုတ်လိုက်ရင်း ----

" အဟွန်း! !!! တော်ပြီလား တစ်ချက်ဆို ၊ အလုပ်ထဲမှာတုန်းကတော့ ငါလုပ်သမျှကိုငြိမ်ခံနေရတဲ့
ပုံစံလေးနဲ့ အားနည်းတဲ့ကောင်လေးပုံစံမျိုး သူစိမ်း
ယောက်ျားလေးအရှေ့မှ ပြခဲ့ပြီး အိမ်ရောက်မှ မင်းသရုပ်အမှန်ကိုထုတ်ပြတဲ့ရည်ရွယ်ချက်လေးက
ဘာများပါလိမ့် ၊ မင်းရဲ့ ကူလီကူမာဟန်ဆောင်
တက်တာကို ကြာလာတော့ ငါတောင်လိုက်မမှီ
တော့ဘူး သက္ကရာဇ်ရယ် "

ရာဇ်ကတော့ လက်သီးကိုကျစ်နေအောင် ဆုပ်ထားရင်း ---

" ဘာကိုဟန်ဆောင်တာလဲ ၊ ကျုပ်ရဲ့အိမ်ထောင်ရေးအဆင်မပြေတာကို သူစိမ်းတွေရှေ့မှာမပြချင်တာ ကျုပ်မှားလား ၊ ခင်ဗျားကို သူစိမ်ယောက်ျားတစ်
ယောက်ရဲ့အရှေ့မှာ လက်တုန့်မပြန်တာက
ကျုပ်ရဲ့အိမ်ထောင်ဦးစ်ီဖြစ်နေတဲ့ခင်ဗျားကို အခြားလူတွေကပါ ဝင်ပြီးစော်ကားမှာစိုးလို့လေ ၊
ကိုခေတ်ဇျာန်ထူး အရှေ့မှာ ခင်ဗျားကိုကျုပ်ကပြန်
ပြီး လက်တုန့်ပြန်ကြည့်ပါလား ၊ သူက ခင်ဗျားပြောသမျှကို အခုလိုငြိမ်ခံပေးနေမှာ မဟုတ်လောက်
တော့ဘူး ၊ သူတို့ချင်းတောင်အဆင်မပြေတာ ငါက ဘာလို့ငြိမ်ခံနေရမှာလဲလို့ ကျိန်းသေပေါက်တွေးတော့မှာ ၊ အဲဒါကို ခင်ဗျားနားလည်လား "

My Oleander Hubby ( Completed ) Where stories live. Discover now