31.1

3.2K 327 1
                                    

အခန်း ၃၁.၁

အချစ်မှာ နာကျင်ရတဲ့အရာ သုံးခုရှိတယ် ပိုင်ဆိုင်ခွင့်ရဖို့ ဆုတောင်းပေမယ့် မပိုင်ဆိုင်နိုင်တာ လက်မလျှော့နိုင်တာ မင်းမှာရှိတာကို တန်ဖိုးမထားတာပဲ

ဒီနာကျင်မှု သုံးခုမှာ ချင်းကျင်းက နှစ်ခုကို ရခဲ့တယ် လော့ယောင်ယောင်အပေါ်မှာ သူက သူမ အချစ်ကို မရနိုင်ခဲ့ပေမယ့် လက်လည်းမလျှော့နိုင်ခဲ့ဘူး

ချင်းကျင်းက သူလိုချင်တဲ့အရာကိုရအောင်ယူတတ်တဲ့သူဖြစ်ပြီးတော့ သူဘာလုပ်သင့်လဲဆိုတာကိုလည်း သေချာသိတဲ့သူပင် ဒါမဲ့ လော့ယောင်ယောင်အပေါ်မှာပဲ သူလမ်းပျောက်ပြီးတုံးတာ

ဘာလို့လဲ ဆိုတော့ ဒီငတုံးမကို သူသေလောက်အောင်ချစ်လို့လေ

သူနဲ့လော့ယောင်ယောင် တဖက်ကအရင်အရှုံးမပေးမချင်း တစ်ယောက်ကိုတစ်ယောက်လက်လျှော့မှာမဟုတ်ဘူးလို့ တွေးခဲ့ဖူးတယ်

ဒါမဲ့ မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်သွားတာပဲ

"နင်ပြန်လာမှာကိုစောင့်နေမယ်" လို့ယောင်ယောင်စီက စာရလိုက်တုန်းက သူဘယ်လောက်တောင် အံဩဝမ်းသာဖြစ်ခဲ့ရလဲ ယောင်ယောင်ဘယ်တော့မှ သိမှာမဟုတ်ဘူး ဒါမဲ့ သံသဃတွေက ပိုများခဲ့တာ သူ့ခံစာားချက်တွေကို ထိန်းချုပ်နိုင်တဲ့ချိန် အချိန်တွေကုန်သွားခဲ့ပြီ ပြိးတော့ သူအမြန် ယောင်ယောင်ကို စာပြန်ဖို့လုပ်တော့ အရမ်းစိတ်လှုပ်ရှားပြီး "အိုခေ" လို့ပဲ ပြန်လိုက်မိတာ ဘာမှတောင်ဆက်မရေးလိုက်ဘူးလေ သူစာပို့ပြီးမှ နောင်တရလိုက်မိတာ သူပို့တဲ့စာက သိပ်တိုနေတယ်ဆိုတာကိုလေ ယောင်ယောင် သူက သူမကို အာရုံမစိိုက်ဘူးလို့ ထင်သွားမှာတောင်စိုးတဲ့ထိ ဒါမဲ့ တွေးမိပြီးမှ ကိုယ့်ကိုကိုယ်လှောင်ရယ်နေမိတာ သူမက သိပတေောင်အာရုံမစိုက်ဘဲ ဒီတိုင်း ပျင်းလို့ ပို့လိုက်တာတောင်ဖြစ်နိုင်တာကိုလေ

လော့ယောင်ယောင်ဒီက ဒီလိုစာမျိုးရတာနဲ့ ကိုယ့်ကိုကိုယ်တောင်မထိန်းချုပ်နိုင်တဲ့ထိ ပျော်နေတဲ့ အရူးတစ်ယောက်ပဲ

နောက်နေ့ကျ သူက သူ့အတွင်းရေးမှူးကိုတောင် စနောက်နေခဲ့သေးတာလေ ယောင်ယောင်သူ့ကိုစောင့်နေမယ်ဆိုတာတွေးမိလေ စိတ်ထဲပျော်ရွှင်နေပြီး ပြုံးရယ်နေမိတာပဲ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now