အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃

421 44 0
                                    

စာစဥ် ၂၇ : အပိုင်း ၁၁

အပိုင်း ၅၀၁ : မျက်နှာလွဲ၍ မရပေ

ရှောင်ယန်နှင့် ယန်ချင်တို့၏ စကားကို ကြားအပြီးတွင်၊ ထောင်ရောင်ရောင်သည် ပို၍ သိချင်လာခဲ့သည်။ "သူ့ရဲ့အချိန်ကျပြီ။ ဘာအချိန် ကျတာလဲ"

ရှောင်ယန်က ဘာစကားမှ မပြောပဲ ဆက်ပြုံးနေခဲ့သည်။ ယန်ချင်က အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးမှ ရိုးစင်းစွာ ရှင်းပြလိုက်သည်။ "ယွမ်ဖန်း.. သူက သူ့ရဲ့ ကျင့်ကြံမှု အချိန်တွေကို နေ့တိုင်းမှာ စီစဥ်ထားတာ။ ပြီးတော့ သူက.. အင်.. အချိန်အရမ်း တိကျတဲ့သူ"

ထောင်ရောင်ရောင်သည် မှင်သက်သွားခဲ့ကာ မရယ်ပဲနှင့် မနေနိုင်ခဲ့ချေ။

ယန်ချင်သည် အသေးစိတ် မရှင်းပြခဲ့သော်လည်း၊ ယခုအချိန်သည် လီယွမ်ဖန်း၏ ကျင့်ကြံမှုအချိန် ရောက်လာပြီကို သူမ နားလည်လိုက်သည်။ သူသည် စွဲလမ်းမှု စိတ်ဝေဒနာ တစ်ခုရှိသည်မှာ သိသာနေ၏။ အချိန်ကျလာလျှင် သူက အချိန်ဇယားအတိုင်း လုပ်ရမှ ဖြစ်မည်။

ထောင်ရောင်ရောင်သည် လီယွမ်ဖန်းအား ရယ်ချင်လှစွာဖြင့် ကြည့်လိုက်သည်။ "စိတ်ဝင်စားစရာပဲ၊ အတော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ သူပဲ"

ခဏအကြာတွင် ယန်ချင်က ကောင်းကင်ဖာထေး နွယ်ပင်၏ အပိုင်းတစ်စအား ယူ၍ပြီးသွားခဲ့သည်။ ကျောက်စိမ်းရောင် နွယ်ပင်လေးသည် ထူးခြားအံ့ဩဖွယ်ရာ စိတ်ဝိညာဥ် စွမ်းအင် တုန်ခါမှုများကို ထုတ်ဖော်ပြသနေခဲ့သည်။

ယန်ချင်သည် ထိုနွယ်ပင်အား ရှောင်ယန်အား ပေးလိုက်ပြီး၊ ရှောင်ယန်က ထောင်ရောင်ရောင်အား ဆေးတောင်ကြားမှ မဟာကောင်းကင် ခန်းမဆောင်သို့ ပြန်ခေါ်လာခဲ့သည်။

သူတို့လျှောက်လာခဲ့ရင်း ထောင်ရောင်ရောင်က ရုတ်တရက် ပြောလိုက်သည်။ "ရဲဘော်ရှောင်၊ ကျွန်မက ရှင်လိုက်လျောမယ်လို့ ထင်ရတဲ့ တောင်းဆိုချက်တစ်ခုကို တောင်းဆိုချင်ပါတယ်"

ရှောင်ယန်က သူ၏ကိုယ်ကို ပြန်လှည့်လာလိုက်ကာ မေးလိုက်၏။ "ဘာများလဲ"

ထောင်ရောင်ရောင်၏ အမူအရာများသည် အလွန် သက်တောင့်သက်သာ ရှိနေခဲ့၏။ သို့သော်လည်း သူမက လေးနက်စွာဖြင့် ပြောလိုက်သည်။ "ကျွန်မက ရှင်ဟာ ခက်ထန်စွာ တိုက်ခိုက်လေ့ရှိပြီး၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းထဲမှာ နံပါတ်တစ် တပည့်လို့ ကြားထားတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now