အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅

402 46 0
                                    

စာစဥ် ၂၈ : အပိုင်း ၁၃

အပိုင်း ၅၂၃ : ယုမိသားစုအား ချေမှုန်းခြင်း

ရှောင်ယန်သည် ထိုရစ်လုံးအား အပြည့်အဝ ဖွင့်လှစ်လိုက်သည်။ အတွင်းမှ ကြောက်မက်ဖွယ်ရာ စွမ်းအားသဘောတရား တစ်ခုသည် ပေါ်ထွက်လာခဲ့ကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့၏။

ထိုအော်ရာ ထိတွေ့သောအရာ မှန်သမျှ၊ ယုရှင်းတောက်နှင့် ဘိုးဘေးဘီဘင် အကာအကွယ် မှော်ဝင်္ကပါတို့သည် စတင်ပျက်စီး လွင့်ပြယ်လာကြသည်။

ဒါသည် အလွန်ပြင်းထန်သော ကပ်ဘေးစွမ်းအား တစ်ခုဖြစ်သည်။ ထိုအော်ရာသည် သက်ရှိအားလုံး၏ ကံကြမ္မာအား ဖျက်ဆီးချင်နေသော သဘောရှိ၍၊ သူ၏ အလိုဆန္ဒမှာ တစ်ခုတည်း ရှိ၏။ သက်ရှိအားလုံးကို သုတ်သင်ပစ်ခြင်း!

ဒါသည် လင်းဖုန်း၏ ကောင်းကင်ဖျက်ဆီး ဓားချီပင်ဖြစ်၏။

ကောင်းကင်ဖျက်ဆီး ဓားကို ထုတ်လွှတ်လိုက်သည့်အခါ၊ ကောင်းကင်အောက်မှ အရာမှန်သမျှသည် ပျက်ဆီးသွားမည် ဖြစ်သည်။

သာမန်ဟုသာ ထင်နေရသောဓားသည် အမှန်တွင် အရာအားလုံးတို့၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော အရာတစ်ခု ဖြစ်သည်။ ထိုဓားချီသည် ရစ်လုံးအတွင်းမှ ထွက်လာသောအခါ၊ သူ၏ဘေးမှ လေဟာနယ်များသည် ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားခဲ့ကာ ပျောက်ကွယ်သွားခဲ့ကြသည်။

ထိုဓားချီ၏ ထက်မြက်မှုသည် ယုမိသားစု ဘိုးဘေးဘီဘင် နယ်မြေ၏ အကာအကွယ် မှော်ဝင်္ကပါအား၊ စက္ကူတစ်စကို စုတ်ဖြဲလိုက်သကဲ့သို့ လွယ်ကူစွာဖြင့် ထိုးဖောက်နိုင်ခဲ့သည်။

ယုမိသားစု ဘိုးဘေးဘီဘင် နယ်မြေအတွင်းမှ နက်ရှိုင်းသောနေရာတွင် ရှိနေသည်မှာ ရှေးဟောင်းရုပ်ထုတစ်ခု ဖြစ်သည်။ ဒါသည် ယုမိသားစု၏ ဘိုးဘေးဘီဘင် ယစ်ပလ္လင်ပင် ဖြစ်၏။ သူသည် ယခုအချိန်တွင် မျက်စိကျိန်းလုမတတ် အပြာရောင် အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် အရင်းအမြစ်များ အားလုံးကို အသုံးချလိုက်ကာ ကောင်းကင်ဖျက်ဆီး ဓားချီကို ခုခံလိုက်ပြီး၊ အကာအကွယ် မှော်ဝင်္ကပါအား အတတ်နိုင်ဆုံး ထိန်းသိမ်းရန် ကြိုးစားနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now