အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆

362 38 2
                                    

စာစဥ် ၂၉ : အပိုင်း ၁၄

အပိုင်း ၅၄၄ : အသက်ငါးခါ ရှူချိန်တွင် အသက်ငါးချောင်း ဆုံးရှုံးသွားခဲ့သည်။

ထိုလူအုပ်သည် ထိုလူငယ်၏ ပုံမှန်မဟုတ်သော ကြောက်မက်ဖွယ်ရာ မှော်ကျိန်စာအား တွေ့လိုက်ရ အပြီးတွင် အံ့ဩတုန်လှုပ်သွားကြသည်။

ပထမ အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်နောက်တွင် ခြေတစ်လှမ်း နောက်ကျ၍ သူတို့၏ မှော်ကျိန်စာများကို ထုတ်လွှတ်လိုက်ကာ တိုက်ခိုက်လိုက်ကြသော အခြား ကျင့်ကြံသူ ငါးယောက်တို့လည်း ရှိကြသေး၏။

သူတို့သည် အရှေ့မှ ကျင့်ကြံသူ ကျဆုံးသွားသည်ကို တွေ့လိုက်ရသောအခါ တုန်လှုပ် ချောက်ချားစွာဖြင့် အလျှင်အမြန် နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့သည် အချိန်အနည်းငယ်မျှ နောက်ကျသွားကြ၏။

"သံသရာ" ထိုလူငယ်သည် သူ၏လက်ညှိုးဖြင့် သူတို့အား ညွှန်ပြလိုက်သည်။ သဘာဝဖြစ်စဥ်ရှစ်မျိုး - ကောင်းကင်၊ မြေကြီး၊ ရေပြင်၊ မီးတောက်၊ လေပြင်း၊ မိုးကြိုး၊ တောင်တန်းနှင့် ရေအိုင်တို့သည် သူ၏အရှေ့တွင် ပေါ်လာခဲ့ကာ၊ သူ့တို့ကိုယ်သူတို့ အရေအတွက်သုံးခု အင်းရှစ်ကွက်၏ သက်ဆိုင်ရာ နေရာတို့တွင် နေရာယူလိုက်ပြီး ရောင်ခြည်တော် စက်ဝန်းတစ်ခုအား ဖန်ဆင်းလိုက်သည်။

ထိုစက်ဝန်းသည် မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် လည်ပတ်နေကြကာ အဆက်မပြတ် ကျယ်ပြန့်လာကြသည်။ ကမ္ဘာအသေးစားလေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ ငါးယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအား ခံဆောင်လိုက်၏။

ထိုကမ္ဘာငယ်သည် ငရဲကမ္ဘာမှ မြစ်ရေအတိုင်း နက်ရှိုင်း၍ ကြောက်မက်ဖွယ်ကောင်းလှကာ၊ သေခြင်းရှင်ခြင်း သံသရာအတိုင်း ပြိုင်ဘက်တို့၏ မှော်ကျိန်စာတို့အား အသံတစ်စက်မှ မထွက်ပဲနှင့် ဝါးမျိုလိုက်သည်။

ထိုလူငယ်သည် သူ၏ တိုက်ခိုက်မှုကို မရပ်တန့်ပဲ သူ၏ လက်ညှိုးဖြင့် ဆက်တိုက်ထိုးလိုက်သည်။ ငါးချက်ဆက်တိုက် ထိုးပြီးသောအချိန်တွင် တိုက်ခိုက်ခဲ့သော ကျင့်ကြံသူ ငါးယောက်တို့၏ အနားမှ လေဟာနယ်တို့သည် အနက်ရောင် ဖျက်ဆီးခြင်း ကမ္ဘာအဖြစ်သို့ ပြောင်းသွားကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now