အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀

356 38 1
                                    

စာစဥ် ၃၀ : အပိုင်း ၁၈

အပိုင်း ၅၆၈ : မင်းကို လေပေါ်မှာ ချိတ်ထားမယ်

ယွဲ့ဟုန်ယန်သည် ဟိန်းဟောက်လိုက်၍ ကျယ်လောင်သော အသံများသည် သူမ၏ ဒွာရပေါက်များ အတွင်းမှ ထွက်လာခဲ့သည်။ သူမ၏ မူလက သေးသွယ်သော ခန္ဓာကိုယ်သည် ကျယ်ပြန့်လာခဲ့ပြီး စက္ကန့်ပိုင်းလေး အတွင်းတွင် သူမသည် ဧရာမ စစ်နတ်သမီးအလား ဖြစ်သွားခဲ့သည်။

သူမသည် လင်းဖုန်း၏ အစွမ်းထက်သော သိုင်းပညာရပ် ဖြစ်သည့် အရေအတွက်သုံးခု အင်းရှစ်ကွက် ကောင်းကင်တူအား သင်ကြားထားခဲ့သည်။

သူမ၏ ဘေးတွင်ရှိနေသော ဘယ်လက်သီးသည် ယခုအချိန်တွင် ထိုးချလိုက်၏။ ကမ္ဘာကို ချေမှုန်းနိုင်သည့် စွမ်းအားမျိုးဖြင့် သူသည် ပိုင်ရှီချန်၏ ယင်ယန်လက်ချောင်း နှစ်ချောင်းတို့နှင့် ရင်ဆိုင်လိုက်သည်။

လက်သီး မထိုးသေးခင်တွင်ပင် ယွဲ့ဟုန်ယန်၏ ခန္ဓာကိုယ်သည် အားကြီးသော စွမ်းအားများဖြင့် တုန်ခါသွားခဲ့၏။ ဒါသည် မိုးခြိမ်းသံနှင့် တူနေခဲ့ပြီး ထိုလက်သီးချက်နှင့်အတူ လျှပ်စီးက ကျရောက်လာခဲ့သကဲ့သို့ ဖြစ်နေခဲ့သည်။

ပိုင်ရှီချန်သည် လုံလောက်အောင် လျှင်မြန်စွာနှင့် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ သူမ၏ လက်ညှိုးနှင့် လက်ခလယ်တို့သည် ယွဲ့ဟုန်ယန်၏ သံလက်သီး အပေါ်သို့ ကျရောက်သွားခဲ့ကာ ကျိုးကြေသွားတော့မလို ဖြစ်သွားခဲ့သည်။

ယင်ယန်လက်ချောင်း နှစ်ချောင်းတို့နှင့် အတူ နောက်မှနေ၍ လိုက်ပါလာခဲ့သော ဟန်ထျန်းမိစ္ဆာ ချေမှုန်းကျာပွတ်သည် ကောင်းကင်ကို ဖြတ်သန်းကာ ယွဲ့ဟုန်ယန်ထံသို့ ကျရောက်လာခဲ့သည်။ သို့သော်လည်း ပထမ တိုက်ခိုက်မှု၏ အကျိုးသည် ဒုတိယ တိုက်ခိုက်မှုအပေါ်သို့ သက်ရောက်မှု ရှိခဲ့သည်။

ယွဲ့ဟုန်ယန်သည် ထိုအခွင့်အရေးကို အသုံးချလိုက်ကာ အခြေအနေကို ပြောင်းပြန်လှန်လိုက်သည်။ သူမ၏ ရွှေရောင် နဂါးမိစ္ဆာ ဓားသွားပါ လှံတံရှည်အား ဝှေ့ယမ်းလိုက်ရာ ဟိန်းဟောက်နေသော အလင်းတန်း ရွှေရောင်နဂါးတစ်ကောင်သည် ပေါ်လာခဲ့ကာ ပိုင်ရှီချန်ထံသို့ ခုန်အုပ်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now