အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း

326 41 0
                                    

စာစဥ် ၃၁ : အပိုင်း ၂

အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း

ရှီးလင်မြို့၏ တောင်ပိုင်းတွင် သာမန်ပြည်သူများသာ နေထိုင်ကြသည်။ ကျင့်ကြံသူများ အချို့ကိုသာ တွေ့နိုင်ခဲ့၏။

လမ်းကျဥ်းလေးတစ်ခု၏ အတွင်းတွင် အရိပ်တစ်ခုက လျှင်မြန်စွာနှင့် ဖြတ်သွားခဲ့သည်။ သူ၏ ပုံပန်းသဏ္ဌာန်အား အမှောင်အတွင်းတွင် မည်သူကမှ မတွေ့ခဲ့ရပေ။ ထိုလူသည် မရပ်တန့်ခဲ့ပဲ ထိုလမ်းကျဥ်းလေး အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသော အမူအရာတစ်ခုအား တွေ့နိုင်ခဲ့၏။ သူသည် ထိုလမ်းကျဥ်းအတွေးမှ မြင်ကွင်းကို သဘောကျနေသည့်ပုံ ပေါက်နေခဲ့၏။

သို့သော်လည်း သူ၏အကြည့်သည် အဆက်မပြတ် လင်းလက်နေခဲ့၏။ သူ၏ လက်ချောင်းများအား နရံတစ်လျှောက် ပွတ်ဆွဲနေခဲ့၍ အုတ်တုံးအချို့ကို ကျော်သွားအပြီးတွင် ခေတ္တမျှ ရပ်တန့်သွား၏။ ပြီးတာနှင့် သူ၏လက်အတွင်းတွင် မီးခိုးရောင် သလင်းကျောက် တစ်ခုအား ကိုင်ဆောင်ထားကာ ထွက်သွားခဲ့၏။

ထိုသလင်းကျောက်သည် ကြေမွသွားခဲ့ကာ မှေးမှိန်သော အော်ရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရေးသားထားသည့် သတင်းတစ်ပုဒ်သည် သူ၏ ဦးနှောက်အတွင်းသို့ တိုက်ရိုက်ဝင်သွားခဲ့၏။

"တခြားကိစ္စတွေကို ဘာမှဂရုစိုက်ဖို့ မလိုဘူး။ မင်းဘက်က ဘာမှ ထူးထူးခြားခြား လုပ်စရာ မလိုဘူး။  ဘာပစ္စည်းကိုမှလည်း ရှာစရာလည်း မလိုဘူး။ သတင်းမပေါက်ကြားစေပဲ မင်းရဲ့ ကျင့်ကြံမှုကိုသာ ဂရုစိုက်ပါ။ အရေးအကြီးဆုံးက မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ အဓိက နည်းစနစ်တွေကို သေချာသင်ကြားဖို့ပဲ။ မင်းက အကူအညီ လိုအပ်ရင် ပြောသာပြောလိုက်ပါ၊ ငါတို့က လိုတာတွေကို ဖြည့်ဆည်းပေးမယ်"

ထိုစကားများကို ကြားပြီးသောအချိန်တွင် ထိုသူ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ယုကျင်းတောင်ပေါ်မှ ဘဝသည် လွန်စွာ သက်တောင့်သက်သာရှိလှသည်။ သူသည် သူ့အား အမိန့်ပေးထားသော လေးလံသည့် တာဝန်ကို မေ့လုမတတ်ပင် ဖြစ်နေခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now