အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်

295 40 0
                                    

စာစဥ် ၃၁ : အပိုင်း ၇

အပိုင်း ၅၇၇ :  နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်

အဖြူရောင် တိမ်တိုက်များသည် ဟင်းလင်းပြင်အား ဖြတ်သန်းလာခဲ့ကာ နဂါးတိုက်ပွဲ စင်မြင့်ပေါ်သို့ လျှင်မြန်စွာနှင့် ရောက်ရှိလာခဲ့သည်။

မဟာချင် အင်ပါယာသည် ရှီထျန်းဟောင်နှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ထောက်ခံကြသူများ ဖြစ်စေ၊ ရှီထျန်းရီနှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့အား ထောက်ခံကြသူများအား ဖြစ်စေ၊ တိုက်ပွဲကို လာကြည့်ကြသော အင်အားစု အားလုံးတို့အတွက် နေရာများကို ပြင်ဆင်ထားပေးခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့ အနေနှင့်မူ သူတို့သည် စင်မြင့်၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် မျက်နှာချင်းဆိုင် နေရာယူထားကြသည်။

အိမ်ရှင်ဖြစ်သော မဟာချင် အင်ပါယာသည် မြောက်ဘက်တွင် နေရာယူထား၏။ တိုက်ပွဲအား လာကြည့်ကြသော ပရိသတ်များသည် ကျန်သော နေရာများကို ယူလိုက်ကြသည်။

ဟင်းလင်းပြင် ဘုရားကျောင်းအား ကလေးပုံစံနှင့် လူတစ်ယောက်က ဦးဆောင်လာခဲ့သည်။ သူ၏ အမူအရာသည် တည်ငြိမ်နေခဲ့ကာ သူ၏ အကြည့်သည် ထာဝရကဲ့သို့ ဖြစ်နေ၏။

သို့သော်လည်း ရှိနေကြသူ တစ်ယောက်ကမှ သူ့အား အထင်မသေးရဲကြပေ။ သူက မည်သူဆိုသည်ကို အားလုံးက သိပေသည်။ ကလေးပုံပေါက်နေသောသူမှာ အမှန်တွင် ဟင်းလင်းပြင် ဘုရားကျောင်း၏ နာယက အကြီးအကဲ ကောင်စီဝင် တစ်ဦးဖြစ်ကာ ရှေ့ဆောင်လမ်းစဥ်ပါတီ၏ ဗဟိုအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကောင်းဟန်ပင် ဖြစ်၏။

ကောင်းဟန်၏ ဂုဏ်သတင်းသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်ကတည်းက ထင်ရှားခဲ့ပြီး ဖြစ်၏။ သူသည် ရွှမ်းလင်သူတော်စင်နှင့် လက်ရှိ ဟင်းလင်းပြင် ဘုရားကျောင်း၏ ခေါင်းဆောင် ယန်နန်းလိုင်တို့ထက် ပို၍စောကာ ကျော်ကြားခဲ့သူ ဖြစ်၏။ သူသည် မိစ္ဆာတို့နှင့်တိုက်ခိုက်သော တိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now