အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု

314 40 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၂

အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု

ထိုငှက်သည် ကြီးမားသော ခန္ဓာကိုယ်ရှိကာ သူ၏ရင်ဘတ်မှ ငှက်တောင်များသည် ရွှေရောင်ဖျော့ဖျော့နှင့် ဖြစ်၏။ သူ၏ခေါင်းပေါ်မှ ငှက်တောင်နှင့် အမြီးများမှာ မြစိမ်းရောင် ဖြစ်ကာ ထိပ်တွင် ခရမ်းပြာရောင် ငှက်တောင်တစ်ကွင်းဖြင့် သရဖူဆောင်းထားခဲ့သည်။

သူ၏အသွင်အပြင်မှာ ဖီးနစ်နှင့် တူသော်လည်း ကွဲပြားခြားနားမှုများ ရှိပေသည်။ သူသည် ပိုမိုခက်ထန်၍ ကြမ်းကြုတ်သည့်ပုံ ပေါက်နေ၏။ သူ၏ အရောင်သုံးမျိုး ငှက်တောင်များသည် မိုးကြိုးမုန်တိုင်း အတွင်းမှ ရံဖန်ရံခါ လင်းလက်လာကြသော လျှပ်စီးများနှင့်အတူ တောက်ပနေခဲ့၏။

တိုက်ပွဲအား ကြည့်ရှုနေသည့် အပြာရောင်ခန်းမ သူတော်စင်သည် မသက်မသာ ဖြစ်လာခဲ့ကာ ထိုဦးခေါင်းခွံအား ကြည့်လိုက်၏။ "မိုးကြိုးသားရဲ အန်းမောင်။ ဒါ.. ဒါက အန်းမောင်ရဲ့ အရိုးပဲ ဖြစ်ရမယ်"

အခြား ဗဟုသုတရှိသောသူများမှာလည်း ရှီထျန်းရီ၏ မှော်ရတနာ သန္ဓေလောင်း၏ မူလရင်းမြစ်အား သိရှိခဲ့ကြသည်။ ဒါသည် မသေဝိညာဥ်ကို ဖန်ဆင်းထားပြီးသော အန်းမောင်၏ အရိုးစုပင် ဖြစ်၏။

မိုးကြိုးသားရဲ အန်းမောင်နှင့် အမှောင်သားရဲ မင်းတုနှင့် အလားတူပင် ဖြစ်၏။ သူတို့သည် ကမ္ဘာဦးခေတ်မှ အစွမ်းထက်သော မိစ္ဆာများ ဖြစ်ကြကာ နှစ်မျိုးစလုံးတို့သည် ငှက်များနှင့် တူကြ၏။ သူတို့သည် အရောင်သုံးမျိုး ငှက်တောင်များ ရှိကြကာ မိုးကြိုးလျှပ်စီးတို့၏ စွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။

ဒဏ္ဌာရီအရဆိုလျှင် မိုးကြိုးသားရဲ အန်းမောင်သည် ကမ္ဘာဦးကာလက ဖန်ဆင်းခြင်း စတင်ချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် မိုးကြိုးအနွယ်ဝင် သားရဲများ၏ ဧကရာဇ်ဖြစ်သည်။

ယနေ့ခေတ်တွင် အန်းမောင်သည် မူလကောင်းကင် ကမ္ဘာကြီး အတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မျိုးတုံးသွားပြီဟု ယူဆနေရသော်လည်း တစ်ယောက်ကမှ အတည်မပြုနိုင်ခဲ့ပေ။ တစ်ယောက်သည် အသက်ရှင်နေသော အန်းမောင်တစ်ကောင်အား မမြင်ရသည်မှာ အချိန်အကြာကြီး ရှိခဲ့ပြီ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now