အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ

331 37 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၉

အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ

ဟင်းလင်းပြင် အတွင်းတွင် တစ်စုံတစ်ရာမှ ရွေ့လျားခြင်း မရှိပေ။ ခေါင်းလောင်းသံ တစ်ခုသာ ပဲ့တင်ရိုက်လာခဲ့၏။

ထိုအသံနှင့်အတူ တစ်ယောက်သည် ယုကျင်းတောင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဤအရာသည် လင်းဖုန်း၏ ကြမ္မာပန်းတိုင် ခေါင်းလောင်းနှင့် ယှဥ်၍မရသော်လည်း ဧရာမ ခေါင်းလောင်းကြီး တစ်ခုဖြစ်သည်။

ထိုခေါင်းလောင်းသည် အခေါင်းပေါက် ဖြစ်နေကာ ပေါ့ပါးပုံပေါက်နေ၏။ သူ၏ ပုံစံသည် မြူခိုးငွေ့ အလွှာပေါင်း များစွာတို့အား စုစည်းထားသကဲ့သို့ ထွင်းဖောက်မြင်နေရပြီး ထူးခြားသောပုံ ပေါက်နေသည့် အရာတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သူ၏အပြင်ပန်းတွင် အဖြူနှင့် အနက်ရောင် အငွေ့တန်း နှစ်ခုက ကျဆင်းလာခဲ့၍ ယင်နှင့်ယန် သင်္ကေတကဲ့သို့ ဖြစ်နေခဲ့သည်။

ဒါသည် ဝင်္ကပါချိုးဖောက်ဗုံနှင့် အဖော်ဖြစ်သည့် မှော်ရတနာ၊ ဟင်းလင်းပြင် ယင်ယန်နာရီ ဖြစ်၏။

သူတို့သည် ကြမ္မာပန်းတိုင် အဆင့်အောက်မှ မှော်ရတနာများ အနက်တွင် အစွမ်းအထက်ဆုံးဟူ၍ နာမည်ကျော်နေကြသည်။ မဟာယာန မှော်ရတနာအဆင့်၏ အထွတ်အထိပ်တွင် ရောက်နေကြပြီ ဖြစ်၏။

ထိုနာရီ၏ဘေးတွင် ကြည်လင်သော အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် အသက်ကြီးကြီး လူတစ်ယောက် ရပ်နေသည်။ သူ၏ ဝတ်ရုံများသည် လေအတွင်းတွင် လွင့်နေခဲ့ကာ အနည်းငယ်ပို၍ တောက်ပနေခြင်းမှလွဲ၍ နာရီ၏ပုံနှင့် တူညီနေ၏။

ထူးခြားသော အပိုင်းမှာ နားရွက်ဘေးမှ ကျနေခဲ့သော ဆံနွယ်များ၏ ပုံစံပင် ဖြစ်၏။ ဘယ်ဘက်သည် သန့်စင်ဖြူဖွေးနေခဲ့ကာ ညာဘက်မှာမူ မည်းနက်နေ၏။ ယင်နှင့်ယန်တို့အား ကိုယ်စားပြုနေသကဲ့သို့ ဖြစ်သည်။

ဒါသည် ဟင်းလင်းပြင် ယင်ယန်နာရီ၏ စိတ်ဝိညာဥ်ဖြစ်သော ယင်ယန်အကြီးအကဲ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သူသည် တောင်ပေါ်သို့ ချက်ချင်းမကြည့်ခဲ့ပဲ သူ၏အကြည့်အား ဟင်းလင်းပြင်ကို ချိုးဖောက်ကာ ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းနှင့် တိုက်ခိုက်နေသော ကြမ္မာပန်းတိုင် ခေါင်းလောင်းအား ကြည့်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now