အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း

335 37 0
                                    

စာစဥ် ၃၂ : အပိုင်း ၂

အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း

ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းတွင် နတ်ကောင်းကင် ဓားအကြီးအကဲ၊ ဆီးနှင်းပျံ ဓားမာစတာ၊ အလင်းဓားမြန် ဓားမာစတာ၊ နေမင်းအလင်းတန်း ဓားမာစတာ၊ ကြယ်စင် ဓားမာစတာနှင့် ကျန်သောသူများသည် ဖြူဖွေးသော ကျောက်စိမ်းဓားရှည်ကြီးအား အဝေးမှနေကြည့်နေကြကာ တုန်ခါနေကြလေသည်။

အလင်းဓားမြန် ဓားမာစတာ၏ အရှေ့တွင် ရှေးဟောင်း အဝတ်အစားများကို ဝတ်ဆင်ထားသော အဖြူရောင် ဆံပင်နှင့် အကြီးအကဲတစ်ယောက် ပေါ်လာခဲ့၏။ သူသည် အစစ်အမှန် ဖြစ်သည်မှု မဟုတ်ပဲ အလင်းတန်းပုံရိပ် တစ်ခုသာ ဖြစ်သည်။ သူသည် တစ်ခဏ အလင်းတန်းဓား၏ ဓားဝိညာဥ် ဖြစ်သည်။

တစ်ချိန်တည်းတွင် နောက်ထပ် ဓားဝိညာဥ် အချို့တို့သည်လည်း နတ်ကောင်းကင် ဓားအကြီးအကဲနှင့် ကျန်သောသူများ၏ အရှေ့တွင် ပေါ်လာခဲ့ကြသည်။ သူတို့သည် ပွားစည်းခြင်း အဆင့်တွင် ရှိနေသော ရတနာဓားများ၏ မူလစိတ်ဝိညာဥ်တို့ ဖြစ်ကြ၏။

သန္ဓေလောင်း အဆင့်မှ ရတနာဓားများလည်း ရှိကြသေး၏။ သူတို့၏ မူလစိတ်ဝိညာဥ်ကို မဖော်ပြုနိုင်သော်လည်း ထိုဓားများသည် ဓားအိမ်အတွင်းမှ အလိုလို ထွက်လာခဲ့ကာ လေဟာနယ်တွင် လွင့်မျောနေကြလေသည်။

အင်မော်တယ် ဝိညာဥ် အဆင့်အောက်မှ ဓားကျင့်ကြံသူများ အားလုံးတို့သည် သူတို့၏ ဓားများကို ဆွဲထုတ်ကာ လေဟာနယ်အပေါ်တွင် ချိတ်ဆွဲထားကြသည်။

ဓားဝိညာဥ်များ အားလုံးတို့သည် အလွန်လေးနက်နေသည့်ပုံ ပေါက်နေကြကာ အဆုံးမဲ့ လေဟာနယ် အတွင်းမှ အဖြူရောင် ကျောက်စိမ်းဓားရှည်အား အတူတကွ ဦးညွှတ်လိုက်ကြသည်။

အလိုအလျှောက် ထွက်လာကြသော ဓားများမှလည်း ထိုဓားရှည်အား ရှိခိုးနေကြ၏။ မှော်ရတနာ မဟုတ်သော ဓားများမှာမူ မြေပေါ်သို့ ကျဆင်းသွားကြကာ အဆက်မပြတ် တုန်ခါနေကြလေသည်။

သူတော်စင် ကောင်းကင်ဓား ထွက်ပေါ်လာသောအခါ ကျန်သောဓားများ အားလုံးတို့သည် အမိန့်နာခံကြရမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now