အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...

310 37 0
                                    

စာစဥ် ၃၂ : အပိုင်း ၄

အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား ဖျက်ဆီးခြင်း

လင်းဖုန်းသည် စစ်တုရင်ခုံအရှေ့တွင် ထိုင်နေခဲ့ကာ ထိုအဝတ် ကပိုကရိုနှင့် အဘိုးအိုအား ကြည့်နေခဲ့သည်။

ထိုအဘိုးအိုသည် လင်းဖုန်းအား ဂရုမထားခဲ့ပဲ သူ၏ အာရုံအား စစ်တုရင်ခုံ အပေါ်တွင်သာ ထားထားခဲ့၏။ သူသည် နောက်ထပ် ရွှေ့ရမည့် အကွက်များကို စဥ်းစားနေခဲ့သကဲ့သို့ ဖြစ်၏။ သို့သော်လည်း သူ့ကိုကြည့်နေသည်မှာ တွေဝေမိန်းမောနေသလို ဖြစ်နေခဲ့သည်။

စစ်တုရင်ခုံပေါ်မှ အကွက်များမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့၏။ သို့သော်လည်း ဒါသည် အဖြူနှင့် အနက် စစ်တုရင်ရုပ်များကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ပေ။

ယခင်က စစ်တုရင်ခုံတွင် စစ်တုရင်ရုပ်များဖြင့် ပြည့်နေ၍ အခြေအနေမှာ အလွန်ရှုပ်ထွေးနေ၏။

ခဏအကြာတွင် စစ်တုရင်ခုံ တစ်ခုလုံးတွင် အရုပ်များ မရှိတော့ပဲ အနည်းငယ်မျှသာ ကျန်တော့သည်။ ပြီးသည်နှင့် နောက်ထပ် စစ်တုရင်ပွဲ အသစ်တစ်ခုကို စတင်ခဲ့သည်။

လင်းဖုန်းသည် အနက်ရောင် စစ်တုရင်ရုပ် တစ်ခုအား ယူလိုက်သည်။

ထိုစစ်တုရင်ရုပ်လေးက စစ်တုရင်ခုံမှ ခွာလိုက်သည်နှင့် ထူးခြားသော အင်အားတစ်ခုက ပေါ်လာခဲ့သည်။ လင်းဖုန်းသည် သူ၏အရှေ့တွင် ဝဲကတော့တစ်ခု ပေါ်လာခဲ့ကာ လျှင်မြန်စွာ လှည့်ပတ်နေ၍ သူ့အား စုပ်ယူရန် ခြိမ်းခြောက်နေခဲ့သည်ကို သတိထားမိသည်။

သူသည် ယခင်ကလည်း တူညီသော အတွေ့အကြုံများကို ခံစားခဲ့ရဖူးသည်။ ထိုအချိန်တွင် သူက ရှောင်ပုတန်နှင့် ရှောင်ယန်တို့အား သွားရှာရမည် ဖြစ်သဖြင့် ထိုဆွဲအားကို မခုခံပဲ အလိုက်သင့် မျောပါသွားခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် လင်းဖုန်းသည် စုပ်ယူခြင်းအား မခံတော့ပေ။ သူသည် ခိုင်မြဲစွာနှင့် မလှုပ်မယှက် ထိုင်နေခဲ့၏။

ထိုအခါ စုပ်ယူသည့် အားများသည် ပို၍ပို၍ ပြင်းထန်လာခဲ့၏။ လင်းဖုန်းသည် အားသုံး၍ မခုခံခဲ့ပဲ အနက်ရောင် စစ်တုရင်ရုပ်အား ပြန်ထားလိုက်သည်။ သို့သော်လည်း ထိုအရုပ်၏ နေရာကို ပြောင်းလဲလိုက်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now