အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...

372 39 0
                                    

စာစဥ် ၃၂ : အပိုင်း ၉

အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး ဘဝ၏ အဓိက ရည်မှန်းချက်ကို ရှာဖွေခြင်း

"အဓိကမစ်ရှင် ၂.၁ကို အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်"

"အဓိက မစ်ရှင်ရဲ့ အထူးဆုကို ထုတ်ပေးလိုက်ပါပြီ"

လင်းဖုန်းသည် ရတနာသေတ္တာအား ဖွင့်လိုက်ရာ တောက်ပကြည်လင်၍ ထွင်းဖောက်မြင်နေရသည့် ကျောက်စိမ်းတစ်တုံးသည် သူ၏လက်အတွင်းသို့ ကျရောက်လာခဲ့သည်။

စနစ်ကြီး၏ အဓိကမစ်ရှင် ပြီးမြောက်ခြင်းမှ သူချီသာဝက အဆင့်တွင် ရရှိခဲ့သော အေးရီးစ်ကိုယ်ပွားနှင့် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါမှသည် စကြာဝဠာ အလင်းတန်းနွယ်ပင်နှင့် ကောင်းကင် အကာအကွယ်ထီးတို့အထိ သူ့အတွက် အလွန်အမင်းပင် အသုံးဝင်ခဲ့ကြသည်။

လင်းဖုန်းသည် သူ၏လက်အတွင်းမှ ကျောက်စိမ်းတုံးလေးအား ကြည့်လိုက်ကာ တွေးနေခဲ့သည်။ "ဒီပစ္စည်းလေးက ကောင်းကင် အကာအကွယ်ထီးနဲ့ အမျိုးအစားတူတယ်။ အလွန်အသုံးဝင်ပေမဲ့ တစ်ယောက်က သတိမထားခဲ့ရင် ဆိုးကျိုးကို ပေးနိုင်တယ်"

လင်းဖုန်းသည် အချိန်ခဏကြာမျှ တွေးနေခဲ့ကာ ထိုကျောက်စိမ်းတုံးလေးအား သေချာသိမ်းလိုက်သည်။ ပြီးတာနှင့် စနစ်၏ အသစ်ထုတ်ပေးခဲ့သော အဓိကမစ်ရှင် အသစ်ကို ကြည့်လိုက်၏။

အဓိကမစ်ရှင် ၂.၂ - အနာဂတ် ဖွံ့ဖြိုးမှုများအတွက် အဓိက ပြင်ဆင်ခြင်း

မစ်ရှစ်၏ ဖော်ပြချက် : မူလကောင်းကင် ကမ္ဘာမှာ သင့်ရဲ့ နာမည်တစ်လုံးကို တည်ဆောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ သင့်တည်ဆောက်နေတဲ့ဂိုဏ်းရဲ့ အခြေခံတွေဟာ ခြေလှမ်းအကြီးကြီးတစ်ရပ် လှမ်းနိုင်ခဲ့ပါပြီ။

ဒါပေမဲ့ တစ်ခဏတာ ကျော်ကြားမှုဟာ ထာဝရ တည်မြဲခြင်းကို ကိုယ်စားမပြုပါဘူး။ ထိပ်သီးဂိုဏ်းတွေရဲ့ အကြားမှာ ထိပ်ဆုံးရောက်ဖို့ရာ တစ်ယောက်က ခိုင်မာတဲ့ အခြေခံ ရှိရမှာဖြစ်ပြီး စဥ်ဆက်မပြတ် တည်ဆောက်နေရမှာ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now