အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်

350 42 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၂

အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်

ယန့်မင်းရွဲ့၏ လေသံသည် အလွန်ပေါ့ပါးနေသော်လည်း သူမ၏ ပုခုံးအပေါ်တွင် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုအား ထမ်းထားရသည်ကို လင်းဖုန်းက သိနေခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီနှင့် ရှေ့ဆောင်လမ်းစဥ် ပါတီ၏ အကြားတွင် တတိယ လမ်းစဥ်ကို ဖောက်ရခြင်းသည် အဘယ်မှာ သက်တောင့်သက်သာ ရှိပါအံ့နည်း။ သူမ၏ ဆရာနှင့် နာယက အကြီးအကဲ ကောင်စီပင်လျှင် အခက်အခဲများစွာ ရှိနိုင်သည်။

သို့သော်လည်း သူမပြောခဲ့ပုံအရ ဟင်းလင်းပြင် ဘုရားကျောင်းကလည်း သူတို့၏ တပည့်များကို အားပေးသဖြင့် လမ်းကြောင်းအသစ် ဖောက်နိုင်ခြင်း ဖြစ်မည်။

လင်းဖုန်းက ရယ်လိုက်သည်။ "ခင်ဗျားအတွက်ဆိုရင် လမ်းကြောင်းအသစ် ဖောက်ရခြင်းက အဓိကဖြစ်တယ်။ ဘယ်လှေပေါ်မှာ ရောက်နေသလဲဆိုတာက အရေးမကြီးဘူး"

"အဲ့လိုလည်း မဟုတ်သေးဘူး။ အကောင်းဆုံးလှေကသာ လှိုင်းလုံးတွေကို ကြံ့ကြံ့ခံနိုင်ပြီး လမ်းကြောင်းအသစ်ကို ဖွင့်လှစ်နိုင်မှာ" ယန့်မင်းရွဲ့က သူမ၏ နားစပ်မှ ဆံနွယ်များကို သပ်တင်လိုက်သည်။ "တကယ်လို့ လှေက အရမ်းသေးနေလို့ရှိရင် လှိုင်းအောက်ကို နစ်မြုပ်သွားပြီး လမ်းကြောင်းအသစ်ကို သွားနိုင်မှာ မဟုတ်ဘူး"

ယန့်မင်းရွဲ့က ဖွဖွလေး ရယ်လိုက်သည်။ "မာစတာလင်းက တကယ်ကို ခန့်မှန်းရခက်တာပဲ။ အခုအချိန်မှာ ကျွန်မက တကယ်ကို လှေပြောင်းစီးချင်နေပြီ။ အချိန်မီသေးလားတော့ မသိဘူး"

လင်းဖုန်းသည် နှုတ်ခမ်းများကို တွန့်လိုက်ကာ တောက်ပစွာ ပြုံးလိုက်သည်။ "ခင်ဗျားရဲ့ ပန်းတိုင်မရောက်ခင် ခင်ဗျားကြိုက်တာကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက ခင်ဗျားလိုချင်နေတဲ့ ပန်းတိုင်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့"

"ကျွန်မရောက်နေတဲ့ လှေပေါ်က မာလိန်မှူးက ကျွန်မနဲ့ ယုံကြည်မှု တူညီတယ်" ယန့်မင်းရွဲ့က ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်မက ပင်လယ်အပေါ်မှာ ပိုပြီးတော့ ယုံကြည်ချက်ရှိတယ်။ လှေက ဘယ်လောက်ကြီးကြီး ပင်လယ်အတွင်းမှာ သွားနေရတာလေ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now