အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား

333 36 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၃

အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား

လင်းဖုန်းကလည်း စကားမပြောနိုင်ခဲ့ပဲ နဂါးကျောက်တုံးဂိတ်ကိုသာ ကြည့်နိုင်ခဲ့သည်။ သူသည် သက်ပြင်းတစ်ချက်ကို ချလိုက်ကာ ပြောလိုက်သည်။ "ခင်ဗျားကပဲ ကူညီပေးလိုက်ပါ၊ ရဲဘော်ရှီ"

ရှီယုကလည်း ခေါင်းညိတ်လိုက်ကာ သူ၏လက်အား ဆန့်တန်းလိုက်၏။ အဆုံးမဲ့ ရွှေရောင် အလင်းတန်းများ တောက်ပလာခဲ့ကာ ရွှေရောင်နဂါး တစ်ကောင်အဖြစ်သို့ ပြောင်းသွားခဲ့၍ နဂါးကျောက်တုံးဂိတ် အတွင်းသို့ ဝင်သွားခဲ့သည်။

ခဏအကြာတွင် ထိုရွှေရောင်နဂါးသည် နဂါးကျောက်တုံးဂိတ် အတွင်းမှ ပြန်ထွက်လာခဲ့သည်။ သူ၏လက်သည်းတစ်ဘက်တွင် အရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက်အား ဆုပ်ကိုင်လာခဲ့သည်။ သူသည် ရှီထျန်းဟောင် ဖြစ်၏။

"နဂါးကျောက်တုံးဂိတ် အထဲက ပစ္စည်းတွေကို ကျွန်တော်ယူနိုင်တယ် မဟုတ်လား။ ကျွန်တော်က နဂါးအရိုး အနည်းငယ်ကိုသာ ယူခဲ့တာကို" ရှီထျန်းဟောင်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

ရှီကျုံးယွဲ့နှင့် ကျန်သောသူများ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့၏။ ရှီထျန်းဟောင်သည် မျက်စိသာ သွက်သည်မဟုတ်ပဲ လက်ကပါ သွက်လှသည်။

မဟာချင် အင်ပါယာသည် ဟင်းလင်းပြင် ဘုရားကျောင်းနှင့် မတူပေ။ ဟင်းလင်းပြင် ဘုရားကျောင်းသည် နဂါးအရှင်များကို မွေးမြူထားကြသည်။ မဟာချင် အင်ပါယာ၏ အတွင်းတွေ နဂါးသိုက်တစ်ခု ရှိသော်လည်း အများစုတို့မှာ ရှေးဟောင်းခေတ်မှ နဂါးများ ဖြစ်ကြသည်။ ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းတွင် မြှုပ်နှံထားကြသော နဂါး ရုပ်အလောင်းများသည် မဟာချင် အင်ပါယာ၏ အကြီးမားဆုံး ကြွယ်ဝမှုပင် ဖြစ်သည်။

နဂါးကျောက်တုံးဂိတ်သည် လွယ်ကူစွာနှင့် ပွင့်နိုင်ခြင်း မရှိပေ။ သူ၏အခြားတစ်ဘက်တွင် ရတနာပေါင်း များစွာရှိပေသည်။ သူ၏ စိတ်ဝိညာဥ် စွမ်းအင်သည် လွန်စွာကြွယ်ဝကာ မဟာချင် အင်ပါယာသည် နဂါးရုပ်အလောင်း များစွာတို့ကို ထားရှိကာ သူတို့အား အားဖြည့်ပေးထားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now