အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း

364 34 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၅

အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း

လင်းဖုန်းသည် ယုကျင်းတောင်ထိပ်မှာ မဟာကောင်းကင် ခန်းမဆောင်၏ အဓိကနေရာတွင် ထိုင်နေခဲ့သည်။ သူနှင့် မျက်စောင်းထိုးနေရာမှ တစ်ဘက်တစ်ချက်စီတွင် ရှီကျုံးယွဲ့၊ အလင်းဓားမြန် ဓားမာစတာ၊ အပြာရောင်ခန်းမ သူတော်စင်နှင့် အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များတို့က နေရာအသီးသီးတွင် ထိုင်နေကြသည်။

အားလုံးတို့သည် မဟာကောင်းကင် ခန်းမဆောင်၏ အပေါ်တွင် ပြသနေသော အလင်းတန်း ပုံရိပ်များကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြ၏။

လင်းဖုန်းသည် သူ့ထိုင်ခုံမှ လက်ရန်းအား အသာခေါက်လိုက်ရာ ခရမ်းရောင် တိမ်တိုက် တစ်တန်းသည် ယုကျင်းတောင်မှ ဆင်းသက်လာ၍ ခရမ်းရောင် တိမ်တိုက်လှေကားများ အဖြစ်သို့ ပြောင်းသွားခဲ့ပြီး ရှီးလင်မြို့ပြင်မှ လူအားလုံးတို့၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

အားလုံးတို့သည် ဤခရမ်းရောင် တိမ်တိုက်လှေကားများကို သိလိုစိတ် ပြင်းပြစွာနှင့် ကြည့်နေခဲ့ရာ လင်းဖုန်း၏ အသံက ပေါ်လာခဲ့သည်။ "ဒီလှေကားအပေါ်ကို တက်လာကြပါ။ တောင်ထိပ်ကို ရောက်နိုင်တဲ့သူတွေက နေခဲ့လို့ရမယ်။ အချိန်အကန့်အသတ်က တစ်ရက်ဖြစ်တယ်။ အခုကနေစပြီ"

အားလုံးတို့သည် တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးနေသော အကြည့်များနှင့် ကြည့်လိုက်ကြကာ လှေကားအပေါ်သို့ စတင်တက်လိုက်ကြသည်။

အစပိုင်းတွင် ဘာမှမဖြစ်သော်လည်း သူတို့သည် ခရမ်းရောင် တိမ်တိုက်များ အနောက်သို့ လိုက်လာ၍ လှေကားပေါ်သို့ တက်လိုက်သောအခါ သူတို့၏ အရှေ့မှ ခရမ်းရောင် တိမ်တိုက်များသည် ပို၍ပို၍ ထူထဲလာကြသည်။ နောက်ဆုံးတွင် မြူခိုးငွေ့များ ဖြစ်သွားကြ၏။ အားလုံးတို့သည် သူတို့၏ အရှေ့တွင် ဘာရှိနေသည်ကိုပင် မတွေ့နိုင်တော့ပေ။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ကြရာ သူတို့၏ဘေးမှ အပေါင်းအဖော်များသည် ပျောက်ကွယ်သွားပြီကို တွေ့လိုက်ကြရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now