Chapter - 18

16.4K 1K 211
                                    

ဇွဲရဲ့ ရုံးသစ်ဖွင့်ပွဲမှာ ရွေးချယ်ခန့်အပ်ပြီးဖြစ်တဲ့ ဝန်ထမ်းအသစ်တွေနဲ့ လက်တွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်တစ်ချို့ကိုဖိတ်ခေါ်ကာ ဧည့်ခံကြွေးမွေးပြီး မိတ်ဆက်ရမှာဖြစ်သည် ။ ဇွဲတို့မိသားစုလုပ်ငန်းဟာ အရင်ကတည်းက နာမည်ရှိပြီးသားအဖွဲ့အစည်းဖြစ်သလို သူတို့ထုတ်လုပ်သည့် အသုံးအဆောင်ပစ္စည်းအမြောက်အများဟာလဲ နာမည်ကြီး အမှတ်တံဆိတ်တွေသာဖြစ်ကြသည် ။

ဂျပန်က ဖခင်ရဲ့လုပ်ငန်းထံကနေ ခွဲယူပြီး မြန်မာပြည်မှာ အခြေချကာ ဇွဲကဦးဆောင်၍စီးပွားရေးပြုလုပ်မှာမို့ စီးပွားရေးနယ်ပယ်က လူတစ်ချို့နဲ့ဇွဲ တွေ့ဆုံပြီး ရင်းနီးမှုရယူရန်ရည်ရွယ်ထားသည် ။

ဇွဲရဲ့ရုံးသစ်တက်ပွဲက ရိုးရိုးရှင်းရှင်းပဲဟုတွေးထားပေမဲ့ လက်တွေ့မှာလူတွေစည်ကားနေ၍ မုဒြာရောက်ရောက်ခြင်း စိတ်အတော်ကျည်းကြပ်နေသည် ။ နှစ်တွေအကြာကြီး အိမ်တွင်းပုန်းလာခဲ့ပြီး ပထမဆုံး အိမ်တော်မှာမဟုတ်တဲ့ပွဲကို သွားရသည့်နေ့မှာပဲ လူတွေရဲ့အကြည့်စူးစူးတွေအောက်မှာ ရပ်နေရသည် ။

သူ့ရဲ့ဘေးမှာ တောင့်တောင့်ကြီးရပ်နေတဲ့ မုဒြာကိုမြင်တော့ ဇွဲကတိုးတိုးလေးမေးလိုက်သည် ။

" မုဒြာ … အဆင်ပြေရဲ့လား "

" ဒီလိုလူတွေအများကြီးလာမယ်လို့ ဘာကြောင့်ကြိုမပြောတာလဲ "

" ဒါက ကို့အဖေစီစဉ်ထားတာ … ကိုယ်လဲမေ့သွားတယ် … သူကပွဲတွေလုပ်ရတာကြိုက်တယ်လေ … ဒါကြောင့်ဒီပွဲကိုသူကိုယ်တိုင်စီစဉ်ထားတာ … ကိုယ်ဒီလောက်ပွဲကြီးကြီးလုပ်ပေးထားမယ်လို့မထင်လိုက်ဘူး "

" ခုရောက်နေမှတော့ ဒီတိုင်းပဲနေရတော့မှာပေါ့ "

" အင်း ……  ဒါဆိုအကို့ဘေးမှာပဲနေနော် မကြောက်နဲ့ … အသိမိတ်ဆွေတွေနဲ့မိတ်ဆက်ပြီးရင် မုဒြာကိုပြန်နားခိုင်းမယ် "

မုဒြာလဲ ဇွဲရဲ့နောက်မှာပဲနေကာ သူ့ရဲ့မိတ်ဆွေတွေနဲ့ မိတ်ဆက်စကားပြောနေတာကို စောင့်နေပေးသည် ။ သူကအတွင်းရေးမှူးတစ်ယောက်မို့ တာဝန်ကသူဌေးအနားမှာ ရှိနေပေးယုံသာ ။ စကားဝိုင်းမှာ ဝင်ပါစရာမလိုပေ ။ သို့ပေမဲ့ လူတစ်ချို့ရဲ့အကြည့်တွေက သူ့ထံကျရောက်လာကာ ဝင်မပါချင်ရင်တောင်မှ ဝင်ပါရတော့မည် ။ အကြောင်းက သူ့အားကြည့်ကာ မေးလာခြင်းကြောင့်ပင် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now