အပိုင်း(၆)

14.9K 789 1
                                    

" ဟိတ်ကောင်ရဲရင့်"
"အဲ့ဒါ ...ဟို အစ်မမိုးပြည့်ရဲ့ မောင်လား..."

"အေး..ဟုတ်တယ် ကောင်းပြည့်ဝေလျှံတဲ့ အလကားကောင် ငွေမက်တဲ့မောင်နှမ ကိုကြီးကိုအရူးလုပ်ခဲ့တဲ့သူရဲ့မောင်လေ။ ကိုကြီးနဲ့မားမား တို့ကြား ပြသနာဖြစ်စေတဲ့တရားခံကသူ့အစ်မလေ။ ကိုကြီးအိမ်က ထွက်ပြီးအပြင်မှာနေတော့ မားမားအရမ်းငိုခဲ့တယ်။ အဲ့အမျိုးသမီးကိုမုန်းလိုက်တာ..နာကျင်မူဆိုတာ ဘယ်အရာလဲလို့ငါ့ပြမှာ ..."

မကျေနပ်ချက်တွေပြောရင်း ကလေးနောက်ကျောလေးကြည့်မိတယ်။တကယ့် ကလေးလေးဗျ အရပ်က ၅'၅ ပတ်ချာလည် ၊ အသားအရည်က ယောအစပ်ဆိုတော့ ဝင်းဝင်းကြည်ကြည်လေး ဖြူတာမဟုတ်ညိုတာမဟုတ် ဝင်းနေတာ ၊ ယောသံခပ်တဲ့ အသံဝဲဝဲလေး ။ထူးခြားတာက မဲနက်နေသောမျက်တောင်ရှည်တွေနဲ့ ဝိုင်းစက်နေတဲ့မျက်ဝန်း၊ အထိတ်တလန့်ဖြစ်ရင် ဝိုင်းစက်သွားတာ က တကယ့် လပြည့်ညမှာ သာတဲ့ လမင်း အလား။ နူတ်ခမ်းဖူးဖူး နီနီလေး ၊ ဆေးဆိုးအရောင်မပါတဲ့ ဆံပင်လေးက နဖူးပေါ်မှာ ဝဲလို့ ။ တကယ့် ကလေးပေါက်စ ...အဝတ်အစားက ယောလုံခြုံအနက်၊ စတစ်လက်ရှည်အဝါနုလေးနဲ့ တကယ် လူကြီးပေါက်စ ..ဟားးကြည့်လေ ကြည့်လေ မျက်တောင်မခပ်ချင်လောက်လှတာမျိုး ...

"ဟာ...ဟိတ်ကောင်ရဲရင့် ကြည့်လှကြည့်လား ..ဘာလဲကြွေသွားတာလား ...မဟုတ်မှလွဲ မင်းအစီအစဉ်ပျက်ကုန်ပြီလား..."

သိလိုစောနဲ့ ပြောမိတယ် ဘယ်နှယ့်ဗျာ ...ပြောတော့ ကျားဖမ်းမယ်ဆင်ဖမ်းမယ်နဲ့ တကယ့်တကယ်တွေ့တော့ ခေါ်တဲ့နာမ်စားကိုက "ကလေး " တဲ့ ။ဟိုက် ...ဒါလား မကျေနပ်လို့ ကလှည့်စားချင်မူကြီးက နောက်ပြီး.. ဘာတဲ့ သူကိုသူ့ "ကိုကို "တဲ့...ကြားကြရဲ့လား အမျိုးတို့။ ကျွန်တော် ပြောမိ၊
မေးမိတာ မှားရော့လား ။ အလကား ပစ်ကြွေနေတာသူမျက်လုံးတွေကြည့်သိနေတာကို...အကျင့်ဆိုးအတိုင်း ငြင်းပါလိမ့်မယ် ။

"ရဲရင့် အစီအစဉ် ပျက်မယ်ဆိုလည်း ပျက်သင့်တယ်ဟ ..တကယ့်အလှလေး .ငါတောင်နောက်တစ်ခေါက်တွေ့ ရင် ချစ်မိမှာဗျ...ဟားးး"
တကယ် ချစ်ပစ်ချင်စရာလေး ...လှတဲ့အရုပ်လေးမြင်ရင် သူသူကိုယ်ကိုယ် လိုချင်ကြတာဆန်းလား။

ချစ်ခြင်းတို့အလွန် Where stories live. Discover now