Chapter 18 unicode

15.7K 421 25
                                    

🔸အဖြူရောင်နုနု🔸18

            အပိုင်း~၁၈

ဖြူဖြူအိမ်ကိုပြန်လာမှပဲ ပိုအဆင်သွားတော့သည်။
တစ်ယောက်ထဲနေတော့လည်းပိုအာရုံရမလာပဲ..
ရုတ်တရက်အထီးကျန်သလို၊ဟိုဟာလိုသလိုဒီဟာ
လိုသလိုနဲ့..နှစ်ယောက်ရှိတဲ့အိမ်ကတစ်ယောက်ထဲ
ကျန်ရင်ခြောက်ကပ်ပြီးပျင်းစရာကောင်းသည်။

သူကအိမ်ရှေ့ဧည့်ခန်းမှာတပ်စွဲထားလျှင်၊ဖြူဖြူက
တရုတ်ကန့်လန်ကာကာထားတဲ့အိပ်ခန်းထဲမှာပဲနေ
ပြီး သူ့အတွက်ထမင်းချိန်ထမင်း၊ကော်ဖီချိန်ဆိုကော်ဖီ..ထွက်လာပြီးမပြတ်လပ်အောင်စီစဉ်ပေးပါသည်။စာမနားတမ်းဖတ်လို့အကြောတတ်ပြီးဇတ်
ကိုဘယ်ညာချိုးနေပြီဆိုရင်..နောက်ကရောက်လာပြီးနားထင်ကြောကိုနှိပ်ပေးတာကသူမလုပ်တတ်တဲ့အပိုဆားဗစ်လေးပေါ့...
" နားနားနေနေလုပ်ပါကိုကို၊ တော်ကြာစစ်မရောက်
ခင်မြှားကုန်သွားအုံးမယ်..."
ပန်ဒါမျက်ကွင်းတွေနဲ့မို့အသံကောင်းတောင်မဟစ်
နိုင်တဲ့တော့ကိုကို့ကြည့်ပြီး..ဖြူဖြူတကယ်စိတ်မ
ကောင်းဖြစ်ရသည်။ဒီလောက်ကြိုးစားခဲ့တာပဲအခု
ပေါ့ပေါ့ပါးပါးနေပြီးသွားဖြေရင်တောင်အောင်မှာပါ
ဆိုတာကို ကျရှုံးရမှာကြောက်တဲ့သူ့စိတ်ကသူ့ကိုဖိ
စီးနှိပ်စက်နေသည်။

" ကိုကိုစာကြည့်ရတာ မျက်လုံးညောင်းနေရင်ဖြူဖြူဖတ်ပြရမလား....လှဲပြီးနားထောင်ပေါ့.."
" ရပါတယ် ....."

ဖြူဖြူဆယ်တုန်းဖြေတုန်းကအချိန်ကိုပြန်သတိရမိသည်။ သင်္ချာဖြေအပြီးမှာသွေးပေါင်ထိုးကျပြီးdrip
ချိတ်ရတော့..ဖြူဖြူ့ကိုပက်လက်ကုလားထိုင်မှာလှဲ
မှီထားစေပြီး..
" ဖြူဖြူ..ခန္တာကိုယ်ကိုသက်သာအောင်ထားပြီးဦး
နှောက်ကိုပဲrunခိုင်းရအောင်၊ ဆရာ ဖတ်ပြတာကို
သေချာအာရုံစိုက်ပြီးလိုက်မှတ်နေနော်..."

သူကဖြူဖြူ့ဘေးမှာခုံရှည်နဲ့ထိုင်ပြီး ..ဓာတုဖော်မြူ
လာတွေ၊ထုတ်ဖော်ပုံတွေကိုတစ်လုံးချင်းအသံကြည်ကြည်နဲ့ဖတ်ပြသည်။ ဖြူဖြူကမျက်လုံးကိုမှိတ်ပြီး
ကိုကို့အသံကိုလိုက်မှတ်ထားသည်။ဖြူဖြူမအိပ်ခင်အထိသူလည်းမနားရပေ။

စာဖြေရတော့ အနားမှာကိုကိုထိုင်ရွတ်ပြနေတဲ့အ
တိုင်းရှင်းလင်းစွာနဲ့မှတ်မိနေသည်။
ဖြူဖြူ့စာမေးပွဲပြီးတော့ တပတ်လောက်ထိကိုကို
လည်ချောင်းနာတာမပျောက်ဘူးရယ်။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now