💜Part 11💜

36.2K 3K 129
                                        

ရန်ကုန်ရဲ့ ဒီဇင်ဘာဆောင်းကထင်သလောက်အချမ်းမပိုခဲ့ပါ။ အနွေး ထည်လေးဝတ်ရုံနှင့်လုံလောက်သည်။ မနေ့ညကတည်းကပြင်ဆင်ထားပြီးပြီမို့ လက်ဆွဲအိတ်ကလေးကထွေးအိပ်ယာခြေရင်းလေးမှာအဆင်သင့်။

ထွေးကိုယ်တိုင်လည်း ္ ဂျပိုးဦးထုတ်လေးကိုပါဆောင်းလျက်ပေါ့။

"တီ..."တီ

အိမ်ရှေ့က ကားဟွန်းသံကြားနေရသည်ဆိုတော့ကိုမြို့အုပ်မင်းကြီးရောက်ပြီထင်ပါရဲ့။
ထွေးလည်း အဝတ်ထုတ်လေးကိုယူကာအောက်ထပ်သို့ဆင်းလာလိုက်သည်။

အောက်ထပ်တွင်မေမေ့ရဲ့ရယ်သံခပ်လွင့်လွင့်ကဧည့်ခန်းတွင်နေရာယူလျက်။

"ဟော..လာပါပြီ။ ဟိုမှာမင်းညီကဒီနေ့ချောနေတာ"

ကျွန်တော်ဧည့်ခန်းရှေ့ရပ်ရုံရှိသေးမေမေကရောမြို့အုပ်မင်းကပါကျွန်တော့်က်ိုငေးနေကြတာ။

"ထွေးအဆင်သင့်ဖြစ်ပြီ။သွားမယ်ဆိုသွားကြရအောင်လေ။"

"ညီထွေး ခရီးသွားခါနီးဘုရားဝတ်ပြုခဲ့ပြီးပြီလား။ဒေါ်ဒေါ့်ကိုရောကန်တော့သွားအုံးလေ။"

"ဘုရားကဝတ်ပြုပြီးပါပြီ။မေမေ့ကိုပဲကန်တော့ရမှာ "

"လာ ကန်တော့လိုက်"

ထွေးလည်းမေမေ့အနားသို့သွားကာကန်တော့လိုက်သည်။မေမေကဆုပေးပြီး လိမ်လိမ်မာမာနေဖို့။ကိုအနဂ္ဂမောင်စကားကိုနားထောင်ဖို့။ထိုသူ့က်ိုမဆိုးဖို့တွေတသီချည်းမှာတမ်းခြွေပါတော့သည်။

"ကဲပါဒေါ်ဒေါ်ရယ်က​ျွန်တော်လဲပါနေတာပဲ ကလေးကိုစိတ်ချပါ။ နောက်ကျနေမှာဆိုးလို့ကျွန်တော်တို့က်ို သွားခွင့်ပြုပါအုံး"

"အေးကွယ်။ လမ်းခရီးအဆင်ပြေချောမွေ့ပါစေ"

ထိုသို့နှင့် ကျွန်တော်ရယ်ကိုအနဂ္ဂမောင်ရယ်။ကိုအနဂ္ဂမောင်ရဲ့ ကားဒရိုင်ဘာ ဖိုးသာထူးရယ် သံုးယောက်သားက ရန်ကုန်မြို့ကနေစထွက်လာခဲ့ကြသည်။

တစ်လမ်းလုံးကားပြတင်းပေါက်ဘေးကနေထိုင်လျက် လမ်းတစ်လျှောက်မြင်ကွင်းများကို ငေးလာလိုက်မိတာ ဘေးနားကသူခေါ်မှကိုယ့်အသ်ိကဝင်လာရတော့သည်။

ချစ်သော "ထွေး" (Complete)Where stories live. Discover now