အပိုင်း ၆၀၉ - ၆၁၀

375 37 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၉

အပိုင်း ၆၀၉ : ဘက်ပေါင်းစုံမှ စစ်ဆေးမှုများ

စစ်ဆေးမှုများ ပြုလုပ်မည့် ရက်ရောက်လာသောအခါ လင်းဖုန်းသည် သူ၏ စွမ်းအားများကို ဆင့်ခေါ်လိုက်ရာ ခရမ်းရောင် တိမ်တိုက်များက ဟင်းလင်းပြင်းကို ဖောက်ထွင်း၍ ယွင်တောင်ထိပ်သို့ ကျဆင်းလာခဲ့သည်။

အခြေခံတပည့်များ တစ်အုပ်စုသည် ထိုနေရာတွင် စောင့်နေကြပြီး ဖြစ်သည်။ သူတို့သည် ခရမ်းရောင်တိမ်တိုက်များက ကျဆင်းလာပြီး ခရမ်းရောင် သလင်းကျောက်ကဲ့သို့ တောက်ပလှသည့် စေတီတစ်ဆူအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်နေကြ၏။

ထိုစေတီသည် တောင်ထိပ်တစ်ခုမှ မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့သည်။ သူသည် တိမ်တိုက်များကို ကျော်ဖြတ်၍ ကောင်းကင်ကိုးလွှာသို့တိုင်အောင် မြင့်မားလှသည်။ စေတီ၏ ထိပ်ဖျားသည် ဟင်းလင်းပြင် လေဟာနယ် အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။

လင်းဖုန်း၏အသံသည် ကောင်းကင်ပေါ်တွင် ပဲ့တင်ရိုက်နေခဲ့၏။ "စမ်းသပ်မှုအတွင်းမှာ ပါချင်တဲ့သူတွေက စေတီအထဲကို ဝင်နိုင်ကြတယ်။ ပြီးတာနဲ့ မင်းတို့က ကိုယ့်ကိုယ် တက်ကြရမယ်။ နောက်တစ်နေ့ နေမထွက်မီ တစ်ရက်အတွင်းမှာ မင်းတို့က စေတီထိပ်ဖျားကို ရောက်နိုင်ပြီး ယုကျင်းတောင် အတွင်းကို ဝင်နိုင်မယ်ဆိုရင် မင်းတို့က စမ်းသပ်မှုကို အောင်မြင်ပြီး ဆက်ခံသူ တပည့်တစ်ယောက် ဖြစ်လာနိုင်မယ်"

အားလုံးတို့သည် ခရမ်းရောင် စေတီအား ကြည့်လိုက်ကြကာ အံ့ဩတုန်လှုပ်နေကြသည်။ "အရမ်းမြင့်တာပဲ!"

သူတို့၏ဘေးမှ လေဟာနယ်က အက်ကွဲသွားခဲ့ကာ ဇူရီ၏ ပုံရိပ်က ပေါ်လာခဲ့သည်။ သူသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကြီးအားကြည့်လိုက်ရာ သူတို့က ငြိမ်ကျသွားခဲ့သည်။

"ဒီစစ်ဆေးမှုက မင်းတို့ရဲ့ အလားအလာတွေကိုသာ စစ်ဆေးမှာဖြစ်ပြီး မင်းတို့ရဲ့ လက်ရှိကျင့်ကြံမှုကို စစ်ဆေးမှာ မဟုတ်ဘူး။ ဒီစေတီက မင်းတို့ ဂရန်းမာစတာရဲ့ စွမ်းအားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီအထဲကို ဝင်ရောက်သွားတဲ့လူတိုင်းဟာ သူတို့ရဲ့ ကျင့်ကြံမှုတွေ အဖိနှိပ်ခံထားရမှာ ဖြစ်ပြီး သာမန်လူအတိုင်းသာ ဖြစ်နေလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now