အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀

444 36 7
                                    

စာစဥ် ၃၃ : အပိုင်း ၇

အပိုင်း ၆၁၇ : ရှီထျန်းဟောင်က အငယ်ဆုံးလေး မဟုတ်တော့ပေ

တောက်ဇီချွမ်သည် ချူးယန်အား ကြည့်လိုက်ကာ တွေးလိုက်သည်။ "အရင်က အကြီးအကဲဇူရဲ့ထံမှာ ဒီလူရဲ့နာမည်ကို ကြားဖူးခဲ့တယ်။ သူက ချီသာဝက အဆင့်မှာ ရှိနေစဥ်ကတည်းက လျှမ်ကန်းရဲ့ လူယုံတော် ဖြစ်နေခဲ့တယ်"

"သူက ထာဝရတောင်တန်းဂိုဏ်းရဲ့ တပည့်ဖြစ်တယ်။ ဒါပေမဲ့ ဒီဂိုဏ်းက လူငယ်မျိုးဆက်တွေထဲမှာ ဒီလိုမျိုး ပါရမီရှင်လေးတစ်ယောက် ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ပေါ်ထွက်လာခဲ့တာနဲ့တူတယ်။ သူက ထာဝရ တောင်တန်းဂိုဏ်းရဲ့ ပြုစုပျိုးထောင်ထားခဲ့တဲ့ ဗဟိုတပည့်တစ်ယောက် ဖြစ်ရမယ်"

"ဒါပေမဲ့ သူ့ရဲ့အပြုအမူတွေအရ ကြည့်ရရင် သူက တခြားလူတွေကို ရင့်ကျက်စွာနဲ့ ဆက်ဆံတယ်။ ပြီးတော့သူက အားထုတ်မှု မရှိပဲ ကျင့်ကြံတဲ့သူ တစ်ယောက်နဲ့ မတူဘူး"

တောက်ဇီချွမ်က ချူးယန်အား အကဲခတ်နေစဥ်တွင် ချူးယန်ကလည်း သူ့အား ပြန်လည် စောင့်ကြည့်နေခဲ့သည်။ "ဒီတောက်ဇီချွမ်ဆိုတဲ့လူက ကျင့်ကြံမှုအဆင့် မမြင့်ပဲ သူ့ရဲ့ ပင်ကိုစွမ်းရည်ကလည်း သာမန်သာဖြစ်တယ်။ သူက သက်လတ်ပိုင်း အရွယ်ကို ရောက်နေပေမဲ့ ရွှေရောင်ဗဟိုချက် အဆင့်ကို မဖန်ဆင်းရသေးဘူး။ ဒါပေမဲ့ သူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှာ အလွန်အရေးပါတဲ့ တာဝန်ဖြစ်တဲ့ ပြင်ပကမ္ဘာနဲ့ ဆက်ဆံရတဲ့ တာဝန်ကို ယူထားရတယ်"

"သတင်းအချက်အလက်တွေ အရဆိုရင် သူက အရင်က ဝူချင်လျှိုရဲ့ထံမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ပြီးတော့မှသူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ရောက်လာတာ။ သူက သာမန်လို့သာ ထင်နေရပေမဲ့ အရေးပါတဲ့ နေရာမှာ ရှိနေတယ်။ ကြည့်ရတာ ငါက အနာဂတ်မှာ သူနဲ့ ဆက်ဆံရေးကောင်းတွေကို တည်ဆောက်ထားရမယ်နဲ့တူတယ်"

ချူးယန်သည် တောက်ဇီချွမ်အား ရယ်ရယ်မောမောနှင့် နှုတ်ဆက်လိုက်သည်။ "မစ္စတာ၊ ကျွန်တော့်နာမည်က ချူးယန်ဖြစ်ပါတယ်။ ကျွန်တော်က နံပါတ်လေး မင်းသားရဲ့ အမိန့်အရ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ဒုတိယအကြိမ် တပည့်လက်ခံတဲ့ အခမ်းအနားကို လာပြီးတော့ ဂုဏ်ပြုထာပါ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now