အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ

325 37 0
                                    

စာစဥ် ၃၃ : အပိုင်း ၁၈

အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ

ရှီထျန်းဟောင်နှင့် ရှီကျုံးထျန်းတို့သည် ရှီထျန်းဟောင်၏ မိဘများ ဖြစ်ကြသည့် ရှီဇီလင်နှင့် သူ့ဇနီးတို့အတွက် စိတ်ပူနေကြခြင်း ဖြစ်သည်။ သို့သော်လည်း သေမင်းခန်းမနှင့် ပတ်သတ်နေသော ကိစ္စဖြစ်သဖြင့် သူတို့သည် သေချာ အစီအစဥ် ဆွဲကြရမည် ဖြစ်သည်။

သတင်း အချက်အလက်များအရ သေမင်းခန်းမသည် အလယ်ကမ္ဘာ တစ်ခုအတွင်းတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။ ထိုအလယ်ကမ္ဘာနှင့် ပြင်ပကမ္ဘာတို့၏ အကြားမှ နယ်နိမိတ် လမ်းကြောင်းသည် ဟင်းလင်းပြင် စစ်တလင်းနှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။

သေမင်းခန်းမအား စတင်ဖွဲ့စည်းထားသည့် အချိန်မှစ၍ သူတို့သည် ဟင်းလင်းပြင် စစ်တလင်း အတွင်း၌သာ ကျင်လည်ကျက်စားနေကြခြင်း ဖြစ်သည်။ ဟင်းလင်းပြင် စစ်တလင်းသည် ခန့်မှန်းရ ခက်ခဲ၍ ဖရိုဖရဲ ကစဥ့်ကလျားနိုင်သော်လည်း သေမင်းခန်းမသည် မူလကောင်းကင် ကမ္ဘာ အတွင်းမှ အင်အားစုများ အကြားတွင် ဟင်းလင်းပြင် စစ်တလင်းနှင့် အကျွမ်းတဝင် အရှိဆုံးဖြစ်သည်။

သေမင်းခန်းမသည် သူတို့အား ပစ်မှတ်ထားနေကြသဖြင့် ရှီထျန်းဟောင်နှင့် ရှီကျုံးထျန်းတို့သည် မတတ်နိုင်ကြပဲ ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ဝင်ရောက်ရာတွင် ဂရုပြုမှ ရပေလိမ့်မည်။

သူတို့နှစ်ယောက်စလုံးတို့သည် နောက်ထပ် ဆုံးဖြတ်ချက်များ မချမီ လင်းဖုန်းနှင့် တိုင်ပင်ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။

ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းသည် ဟင်းလင်းပြင် စစ်တလင်းနှင့် ဆက်သွယ်ထားသော နယ်နိမိတ် လမ်းကြောင်းအား စောင့်ကြပ်နေ၏။ ပါရမီ ဇန်မာစတာမှာမူ နတ်ဘုရား နယ်မြေနှင့် ဆက်သွယ်နေသည့် နယ်နိမိတ် လမ်းကြောင်းအား စောင့်ကြည့်နေခြင်း ဖြစ်သည်။ ပြီးတာနှင့် ရှီထျန်းဟောင်၊ ဇူရီနှင့် ကျန်သောသူများသည် အံ့ဖွယ် ကောင်းကင်ကမ္ဘာအား ဆက်လက်ရှာဖွေနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now