အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း

304 38 0
                                    

စာစဥ် ၃၄ : အပိုင်း ၄

အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း

ပါရမီ ဇန်မာစတာသည် ထာဝရ အလင်းတန်း တထာဂတ မန္တန်၊ အမိတဗ္ဗ မန္တန်၊ အန္တိမ အလင်းတန်း မန္တန်နှင့် ကြယ်တာရာသုံးထောင် မှော်ကျိန်စာတို့ကို ကျင့်ကြံထားသည်။ သူသည် နူးညံ့သိမ်မွေ့သော ပုဂ္ဂိုလ်ဖြစ်ကာ တိုက်ခိုက်ခြင်းကို မနှစ်သက်သော်လည်း သူလေ့ကျင့်ထားသော ဗုဒ္ဓကျင့်ကြံမှုများသည် ထူးခြားလှသည်။ အထူးသဖြင့် သူ၏ ဇန်စိတ်သည် သူ့၏ အာရုံခံစိတ်အား တိုးတက်စေခဲ့သည်။

ထို့အပြင် သူ၏ပြိုင်ဘက်သည် သူ၏ အော်ရာများကို မဖုံးကွယ်ထားခဲ့ပေ။

ပါရမီ ဇန်မာစတာထံမှ ထုတ်လွှတ်လိုက်သော ဗုဒ္ဓအလင်းတန်းများသည် မိုးကုတ်စက်ဝိုင်းတွင် ရောင်ပြန်ဟပ်သွားခဲ့သည်။ လေဟာနယ်က တုန်ခါသွားခဲ့ပြီး သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ ပုံရိပ်က ပေါ်လာခဲ့သည်။

ထိုသက်လတ်ပိုင်း လူကြီးသည် လေးထောင့်ပုံစံ မျက်နှာရှိ၍ ရင့်ကျက်သော ပုံစံရှိနေသည်။ သူသည် ကောင်းကင်ပေါ်တွင် ရပ်နေစဥ်တွင် သူ၏ ဓားအော်ရာသည် ရွှေရောင်တိုင်လုံးကဲ့သို့ ကောင်းကင်ကိုးလွှာသို့ ထိုးတက်သွားခဲ့သည်။ မြေပေါ်မှနေ၍ ကောင်းကင်ကြီးအား ထောက်ပံ့ထားသကဲ့သို့ ဖြစ်သည်။

သူသည် ဤကမ္ဘာနှင့် သီးသန့်ဖြစ်နေကာ ကိုယ်ပိုင် ဖြစ်တည်မှုကို ဖန်ဆင်းထားပြီး သကဲ့သို့ ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းတွင်ပင် သူသည် ကောင်းကင်နှင့် မြေကြီးတို့၏ လမ်းစဥ်နှင့် လိုက်ဖက်ညီနေခဲ့သည်။

ပါရမီ ဇန်မာစတာသည် မလှုပ်ရှားခဲ့ပဲ လက်ဝါးများကို ဆုပ်လိုက်သည်။ "ရှောင်ယမ် ဓားမာစတာပါလား၊ မတွေ့ရတာ အကြာကြီး ရှိပြီ"

ကောင်းကင်ပေါ်မှ သက်လတ်ပိုင်း လူကြီးသည် ရှောင်ယမ် ဓားမာစတာ ဖြစ်သည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်း အနည်းငယ်ကတည်းက ရှောင်ယမ် ဓားမာစတာသည် အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်ကို ရောက်ရှိနေပြီး ဖြစ်သည်။ သို့သော်လည်း သူသည် အင်မော်တယ် ဝိညာဥ် ပထမ အဆင့်သာရှိသော ပါရမီ ဇန်မာစတာ၏ အနားသို့ မချဥ်းကပ်လာဝံ့ပဲ အဝေးတွင်သာ နေနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now