အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး

292 39 1
                                    

စာစဥ် ၃၄ : အပိုင်း ၈

အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး

လင်းဖုန်းသည် တစ်ဘက်တွင် အံ့ဖွယ် ကောင်းကင်ကမ္ဘာအား ပြင်ဆင်နေချိန်တွင် အခြားတစ်ဘက်တွင် သူသည် ရှောင်ယန်အား ဂရုစိုက်နေခဲ့သည်။

ယုကျင်းတောင်ပေါ်မှ ခရမ်းရောင် တိမ်တိုက်များ အတွင်းတွင် ရှောင်ယန်သည် သန့်စင်သောယန် အကြွင်းမဲ့မီးတောက် ပင်လယ်အတွင်းတွင် ထိုင်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ် တဝိုက်တွင် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်၊ မဟာသူရိယ အကြွင်းမဲ့ မီးတောက်၊ နန်းမင် အကြွင်းမဲ့ မီးတောက်နှင့် ကောင်းကင်ကမ္ဘာဖျက် မီးတောက်တို့မှ ကျင့်ကြံထားသော အသွင်သဏ္ဌာန် လေးမျိုးတို့သည် မီးတောက်ပင်လယ် အတွင်းတွင် ပေါ်ပေါက်လာကြသည်။

ခရမ်းရောင် တိမ်တိုက်များ၏ အလယ်တွင် လင်းဖုန်းသည် ထိုမြင်ကွင်းအား ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ၏ဘေးတွင် အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်သည် တင်ပလ္လင်ခွေ ထိုင်နေခဲ့၏။ သူမသည် ရှောင်ကျန်းအာ ဖြစ်သည်။ သူမသည်လည်း သူမ၏ ကျင့်ကြံမှုများကို ဆင့်ခေါ်ထားခဲ့သည်။ သူမ၏ မျက်လုံးသူငယ်အိမ် အတွင်းတွင် ရွှေရောင်မီးတောက်များက အဆက်မပြတ် လင်းလက်နေကြ၏။

သူမ၏ မျက်လုံးများ အတွင်းမှ ရွှေရောင်မီးတောက်သည် အနီရောင်နှင့် အပြာရောင် အလင်းတန်းများဖြင့် လင်းလက်နေခဲ့ကာ ရှောင်ယန်၏ အနားမှ မီးတောက်နှင့် စည်းချက်ကျနေခဲ့သည်။

ရှောင်ယန်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ကာ လင်းဖုန်းအား ကြည့်လိုက်၏။ "ဆရာ၊ ကျွန်တော် အဆင်သင့် ဖြစ်ပြီ"

လင်းဖုန်းက ရယ်လိုက်ကာ သူ၏ခေါင်းကို ညိတ်လိုက်၏။ "ဒါဆိုရင်လည်း ဆက်လုပ်တော့"

ရှောင်ယန်သည် စူးရှစွာနှင့် အော်ဟစ်လိုက်ရာ သူ၏ ရွှေရောင်ဗဟိုချက်သည် စတင်လည်ပတ်လာခဲ့သည်။ သူ၏ စိတ်အခြေအနေသည် ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့က သူ့အပေါ်တွင် ထားထားသော အာရုံစိုက်မှုကို ခံစားနိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now