Part - 22

24.2K 1.8K 50
                                    

Part - 22

My Oleander Hubby

" ရာဇ်ရေ! !! မောင်လေး ထမင်းစားရအောင်လေ "

အခန်းအပြင်ကနေ ထမင်းစားဖို့လာခေါ်နေတဲ့ မမရဲ့အသံကြောင့် သောက်လက်စ စီးကရက်ကို
ထိုးချေလိုက်ရင်း ---

" စားနှင့် မမ ၊ ကျွန်တော်မဆာသေးလို့ "

ကိုယ့်စကားဆုံးပြီး သိပ်မကြာခင်ပဲ အခန်းအပြင် ကနေလှည့်ထွက်သွားတဲ့ခြေသံကိုကြားလိုက်ရ
သည် ။ စီးကရက်တွေကို တစ်မနက်စာလုံးဖွာနေမိလို့ ကိုယ့်အိပ်ယာဘေးနားက ဆေးလိမ်ပြာခွက်ထဲမှာလဲ စီးအရက်အတိုအပိုင်းအစတွေအပြည့် ။
စီးကရက်မသောက်ဖြစ်တာတောင် တော်တော်ကြာ
နေခဲ့ပြီပဲ ။ အခုမှသာ ပြန်သောက်ဖြစ်တာ ။ ဘာရယ်မဟုတ်ဘဲ စီးကရက်အတိုအစတွေကိုကြည့်နေမိရင်း ကိုယ် စီးကရက်သောက်တိုင်း ----

* စီးကရက်ကို အရမ်းကြိုက်တာပဲလား * လို့ မေး
တက်တဲ့ လူတစ်ယောက်ကို သတိရနေမိသေး
သည် ။ ကိုယ်စိတ်က တစ်ခါတစ်လေဆို သိပ်ပြီးထိရှလွယ်နေတာမျိုး ။ နာစရာတွေအများကြီးရှိနေတာတောင် လွမ်းစာသေးသေးလေးကိုသာ ဖျက်ကနဲ မှတ်မိနေစေတာမျိုးပေါ့ ။

ကိုယ်အိမ်ကိုပြန်ရောက်လာတာ ဒီနေ့နဲ့ဆို လေး
ရက်ရှိနေပြီ ။ဟိုအိမ်မှာ ပြဿနာဖြစ်ပြီး ဘယ်ကိုမှလဲမသွားချင်တာနဲ့ ကိုယ့်အိမ်ကိုပဲပြန်လာလိုက်
တာ ။

အလုပ်ကိုလဲမသွားချင်တာကြောင့် အကို့ကိုဖုန်းနဲ့
လှမ်းပြီးအကြောင်းကြားထားလိုက်တယ် ။ အကိုကတော့ ဖြစ်ခဲ့တဲ့ပြဿနာတွေကို ဘာမှအစပြန်
ဖော်တာမျိုးမရှိဘဲ စိတ်တွေအဆင်ပြေတဲ့အထိသာ အနားယူလိုက်ဖို့ပြောသည် ။ ကိုယ်က သူ့ကို
တောင်းပန်တာကို အကို့အတွက်အားနာစိတ်နဲ့
ဘာမှအများကြီးတွေးမနေနဲ့လို့ ပြန်နှစ်သိမ့်ပေး
နေသေးတယ် ။

အိမ်ကိုပြန်ရောက်တာ လေးရက်မြောက်တဲ့အထိ
လူကြီးဘက်ကတော့ အရိပ်အယောင်လေးတောင်
ပေါ်မလာ ။ ထူးဆန်းတာက ကိုယ်စိတ်ထဲမှာလဲ
နည်းနည်းလေးမှကို အလျော့ပေးချင်စိတ်ရှိမနေ ။
နောက်ဆုံး လူကြီးဘက်ကသာ တောင်းပန်မလာ
ရင်ဒီအိမ်ထောင်ရေးကိုတကယ်အဆုံးသတ်လိုက် ဖို့ပဲတွေးနေမိတာ ။

My Oleander Hubby ( Completed ) Where stories live. Discover now