Chapter 21.2

4.6K 830 25
                                    

(Unicode)

ပိုင်မုက အဲ့ဒါကို ပြည့်စုံစွာ ကြားခဲ့ရပြီး  တောင်တက်တဲ့လှုပ်ရှားမှုက သူတို့ရဲ့မိန်းမတွေနဲ့ကလေးတွေနဲ့အတူ လှုပ်ရှားရတာက အဓိကအကျဆုံးအဓိပ္ပာယ်ဖြစ်ကာ အစားအစာစုဆောင်းတာက လမ်းကြုံသာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကိုထည့်ရတာက မျိုးနွယ်စုကနေ ထွက်လို့်မရတဲ့ကလေးတွေနဲ့ မိန်းမပျိုတွေကို ပွင့်ပွင့်လင်းလင်း အပြင်ထွက်ခွင့်ပေးဖို့ ဖြစ်တယ်။

သုံးယောက်သားက လမ်းလျှောက်ပြီး စားလို့ရတဲ့ဟင်းသီးဟင်းရွက်ရိုင်းတွေနဲ့ သစ်သီးတွေကို ကောက်နေကြတယ်။ဒီနေ့မှာ ပိုင်မုက တခြားကမ္ဘာက အပင်များစွာကို သိလာရတယ်။

ပိုင်မုက တောထဲမှာ မေပယ်လ်သကြားသီးပင်အနည်းငယ်ကို မြင်လိုက်ပြီး သူက ရင်းနှီးကျွမ်း၀င်နေတဲ့သစ်ပင်ကို မြင်လိုက်ရတဲ့အခါ ရင်းနှီးတယ်လို့ ခံစားလိုက်ရတယ်။ပိုင်မုက အရှေ့ကို လျှောက်သွားပြီး အဲ့ဒီမေပယ်လ်ပင်ရှည်ရှည်တွေကို ကြည့်လိုက်တယ်။

အင်တာနက်ပေါ်မှာ မေပယ်လ်ပင်ထဲက သကြားကိုထုတ်ပေးတဲ့ သကြားသီးပင်အတန်းတစ်ခုကို သူမြင်ဖူးခဲ့တာကို ပိုင်မုက သတိရသွားတယ်။ဒီအပင်လိုပုံစံမျိုးက ကြီးထွားတဲ့ကာလအတောအတွင်းမှာ ကစီဓာတ်တွေ စုပုံလာတယ်။နွေဦးမှာ နှင်းတွေ အရည်ပျော်တဲ့အခါ အင်ဇိုင်းဓာတ်က ကစီဓာတ်တွေကို သကြားအဖြစ်ပြောင်းလိုက်ပြီး ရေကြောင့် အရည်ပျော်သွားကာ အမြစ်တွေရဲ့စုပ်ယူတာကို ခံလိုက်ရတယ်။နောက် ချိုမြိန်မှုပေါ့ပေါ့လေး ဖြစ်ပေါ်လာတယ်။မတ်လရဲ့အစမှာ သစ်ပင်ရဲ့ကြီးထွားမှုကို အထောက်အကူပြုဖို့ ၆ပတ်ကနေ ၈ပတ်ထိ သစ်ရည်က သစ်ပင်ကိုယ်ထည်ထဲမှာ စီးဆင်းနေလိမ့်မယ်။ဒီမေပယ်လ်ပင်တွေက သကြားသီးပင်တွေဟုတ်လားဆိုတာကို သူတကယ်မသိပါဘူး။

၎င်းကို စမ်းကြည့်ဖို့ကြိုးစားချင်တဲ့စိတ်နဲ့ ပိုင်မုက ဓားတစ်ချောင်းကို ယူထုတ်လိုက်ပြီး ပင်စည်မှာ ဖြတ်ရာတစ်ခုလုပ်လိုက်တော့ သစ်ရည်တွေက ခနတွင်းချင်းမှာပဲ ထွက်လာတယ်။ပိုင်မုက သူ့ရဲ့လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး တချို့ကို သူ့ပါးစပ်ထဲ ထည့်ကြည့်လိုက်ကာ သူ့ရဲ့မျက်၀န်းတွေက ရုတ်တရက်တောက်ပသွားတယ်။ သစ်ရည်တွေက ချိုတယ်ဆိုတာကို ရှာတွေ့သွားလို့ သူက အံ့ဩစရာကောင်းတယ်လို့ ခံစားရတယ်။ဒီအရည်ရဲ့အဓိကအစိတ်အပိုင်းတွေက ဂလူးကို့စ်နဲ့ သစ်သီးကရတဲ့သကြားတို့လည်း ပါ၀င်တဲ့ ကြံသကြားဆိုတာကို သူမှတ်မိနေတုန်းပဲ။၎င်းမှာ ပျားရည်ထက်မလျော့တဲ့ အာဟာရတန်ဖိုးရှိပါတယ်။သူတို့ကိုစုဆောင်းပြီး သကြားတုံးလေးအဖြစ် ကျိုချက်လိုက်ရင် မင်းတို့မှာ သကြားစားဖို့ရှိလာလိမ့်မယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now