Chapter - 19 unicode

14.9K 416 11
                                    

🔸အဖြူရောင်နုနု🔸19

            အပိုင်း~၁၉

နောက်ဆုံးတော့၃နှစ်မြောက်မှာသန့်ဇင်တစ်ယောက်အမ်အက်စီ၀င်ခွင့်အောင်သွားခဲ့သည်။အောင်ပွဲခံတဲ့အနေနဲ့စားသောက်ကြဖို့နှစ်ယောက်ချိန်းကြ
သည်။
" ဒီနေ့လည်းအပြင်ထွက်အုံးမှာပေါ့..."
" အွန်း ဖိုးသန့်နဲ့ချိန်းထားတယ်..."
ဒီနေ့မှသူ့ဖာသာသူ၀ယ်လာတဲ့စပိုစ့်ရှပ်အပြာစင်းနဲ့စတိုင်ပန်အနက်ကိုတွဲ၀တ်ကာ..မှန်ရှေ့ခေါင်းဖြီးနေတဲ့သူ့အားဖြူဖြူကလက်ပိုက်ရပ်ကြည့်နေသည်။

အင်း..ချိန်းလိုက်ရတဲ့ဖိုးသန့်၊ကျောင်းတုန်းကတည်းကတော်တော်လေးတွဲခဲ့ပြီး..အခုလည်းအားရင်
ဆေးခန်းမှာသွားသွားထိုင်ပေးတုန်းပဲ...။ဟိုက၀င်
ခွင့်ဖြေတာကိုလည်းသူ၀င်ဖြေမပေးယုံတမယ်ပဲ။
တကယ်ပဲ မိန်းမသာဆိုညားနေလောက်ပြီ။
" ကိုကို တို့ချင်းတော်တော်ချစ်ကြတာပဲနော်..."
သူမကိုလှည့်ကြည့်ကာ...
" ဘာကိုလဲ?...."
" မပြောတတ်ဖူးလေ၊ အရမ်းအတွဲညီသလားလို့"
" လူဖြစ်ပြီး သူငယ်ချင်းတောင်မရှိရဘူးလား.."
ဖြူဖြူက မျက်ခုံးပင့်ကာ...
" ဖြူဖြူ ဘာပြောမိလို့လဲ...."
" မင်းမကြိုက်ကြောင်း ပြနေတာပဲလေ..."
" မဟုတ်ပါဘူး...."
" မင်းတို့မိန်းမတွေကအဲ့တိုင်းပဲ..သူတို့ပဲအချိန်ပြည့်
စိုးမိုးချင်ကြတယ်..."
ဟောတော့်.....
" ယောက်ျားတွေကဘာလို့ပျမ်းမျှအသက်မှာမင်းတို့ထက်တိုကုန်လည်းသိလား?
အိမ်ထောင်သည်ယောက်ျားတွေရဲ့ ၇၀ရာခိုင်နှုန်း
က အပေါင်းအသင်း၊ဝါသနာအားလုံးကိုစွန့်လွှတ်ပြီး
မိန်းမတွေရဲ့ထိန်းချုပ်မှုအောက်မှာရှင်သန်ရလို့ပဲ"

" အမလေး...ကိုကိုရယ်..ဘယ်သူမှကိုကို့ကို
အသက်တိုအောင်မလုပ်ပါဘူးနော်။
သွားစရာရှိတာသွားပါ...."
အပြင်များမသွားရရင်၊ဖြူဖြူကသူ့ကိုသေကြောင်းကြံနေပါတယ်လို့ ပြောအုံးမလားမသိ🙄....

>>>>>>>>
" သားကြီး နန်းထိုက်ပဲသွားမလား..."
"ဟာကွာ ဘိုးတော်ရှိတာကိုဘာသွားလုပ်ရမှာလဲ...
တခြားဘယ်ဆိုင်ဖြစ်ဖြစ်ရတယ်ကွာ..."
" အိုကေ...ဒါနဲ့ ဒီနေ့ငါကမင်းကိုအမူးတိုက်ချင်တာ
ငါတို့နှစ်ယောက်လုံးမူးသွားရင်ဘယ်သူကားမောင်း
မှာလဲ..."
" မင်းတော့မသိဘူး၊ ငါ့ကိုတော့ဖြူဖြူလာခေါ်မှာ
ပေါ့"
" ခွေးကောင်...."
ဟား ဟားး....
မင်းထက်ကရယ်တော့ကားမောင်နေတဲ့သန့်ဇင်
ကသူ့ဆီလေလက်သီးတစ်လုံးပစ်သွင်းသည်။
ကောင်းစားတော်ဆက်ဆိုတဲ့ဆိုင်ထဲမောင်း၀င်ပြီး
ဘီယာနဲ့အမြည်းတွေမှာလိုက်သည်။
" ချီးယား....မင်းအတွက်အထူးကုစစ်ပွဲကြီးကနေ
ကြိုဆိုပါတယ်ကွာ..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now