Ep_8

5.8K 322 4
                                    

Unicode

ဟိုတယ်၌Weddingပွဲကျင်းပ မှာမလို့ ဧည့်သည်အဝင်အထွက်
နှင့် ဟိုတယ်တစ်ခုလုံးရှုပ်ထွေးနေ၏။ဘဲလ်ချောင်များလည်း ဟိုတယ်
ရှေ့ရောက်လာသည့် ဧည့်သည်တွေကို ကြိုရ၊ ခရီးဆောင်ပစ္စည်းတို့ကို
သယ်ရ၊ပြုရနှင့်အလုပ်များနေကြသည်။ ထိုစဉ် ဟိုတယ်ရှေ့ကားတစ်စီးထိုးဝင်လာတော့ ဘဲလ်ချောင်က အပြေးသွားကြိုစဥ်မှာပဲ လူတစ်
ယောက်ကို ဝင်တိုက်မိသွားတော့သည်။

"ဘုတ်!"

"အ!ဆောရီးပါဗျာ၊ ကျွန်တော်အလျင်လိုသွားလို့"

"ရပါတယ်"

ထိုလူက ဦးထုပ်အနက်ဆောင်းထားပြီး maskပါတပ်ထားသည်။
ဘဲလ်ချောင်လည်းအမှတ်တမဲ့ဖြစ်သွားပြီး ဧည့်ကြိုရမည့်ကားဆီကို
သာအပြေးသွား၏၊ ထိုလူက ဟိုတယ်ထဲသို့ မသိမသာဝင်လာပြီးလူ
တွေမြင်လျှင် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆွဲချ၏။ ပုံစံက သူ့ကိုလူတွေ
မှတ်မိသွားမှာစိုးနေသလို။ ထို့နောက် အလုပ်များနေတဲ့ ဝန်ထမ်းတွေ
ကို အကဲခတ်လိုက်လှည့်ကြည့်လိုက်နှင့် ဓာတ်လှေကားဆီသို့ခပ်သွက်
သွက်သွား၏။ဓာတ်လှေကားထဲရောက်သည်နှင့် 2လွှာကို နှိပ်လိုက်
ပြီး၊2Fရောက်သည်နှင့် စင်္ကြန်တစ်လျှောက်က cctvကိုမော့ကြည့်
လိုက်၏၊ထို့နောက်ခပ်သွက်သွက်လျှောက်လာရင်း ဟိုတယ်တစ်ခုလုံး
ကိုထိန်းချုပ်တဲ့ ဓာတ်အားပေး စနစ်ခန်းထဲသို့ဝင်သွားတော့သည်။

"ကိုခမ်းရောက်ပြီလား၊ သတို့သမီးမိသားစုဘက်က ဒီပွဲမှာကိုခမ်းကို
ဖိတ်ထားတယ်"

တိုင်း ball roomထဲသို့ရောက်သည်နှင့် serviceမန်နေဂျာမှ
ပြောလိုက်ခြင်းဖြစ်သည်။ service မန်နေဂျာပြောသည့်စကား
အား လက်ခံခေါင်းငြိမ့်ပြီး အချက်အပြုတ်ခန်းတစ်ခဏ သွား၍ပြင်
ဆင်ထားသည့်အစားအသောက်တွေနှင့် အချိုရည်တွေကိုကြည့်လိုက်
၏၊ထို့နောက်....

"ပြင်ဆင်ထားတဲ့ ဝိုင်ကရော"

"အာ..အခုမှ wine storage ထဲက သွားယူနေတုန်းရှိသေးတယ်
rose wineနဲ့ sparkling wineကိုပဲ ရိုးရိုးရှင်းရှင်းပြင်ဆင်
ထားပါတယ်"

"ပွဲကဘယ်အချိန်စမှာလဲ"

service manager ကနာရီတစ်ချက်ကြည့်သည်။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now