RVTCF Chapter-(29)

2.8K 417 5
                                    

CHAPTER-(29)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

"ဆယ်ကျော်သက်အရွယ်၊ သုံးဆယ်၊ ခုနှစ်ဆယ် မဟုတ်လည်း ရှစ်ဆယ်အထိနေသွားရလည်း ကိစ္စမရှိဘူး။ သမီးက ပျော်ပျော်ရွှင်ရွှင်ရှိနေဦးမှာ။ အနားယူချိန်မှာ သမီးကိုဖျော်ဖြေပေးမယ့် သူတွေလည်းရှိတယ်။

အိမ်ထောင်စုကို ခန့်ခွဲစရာမလိုတော့ ဘဝကြီးကသက်တောင်သက်သာနဲ့ သောကကင်းနေမှာ။ အခက်အခဲတွေအတူတူကျော်ဖြတ်ဖို့ ဆိုရင်တော့ ဘယ်သူ့ကိုမှ မလိုပါဘူး။ သမီးဘာသာ လုပ်နိုင်တယ်။

သမီးဘာသာအခက်အခဲတွေကို မကျော်ဖြတ်နိုင်ရင်တောင် သမီးပြသနာကိုဖြေရှင်းဖို့ ဘယ်သူ့အပေါ်မှမှီခိုတာ အကျိုးမရှိဘူး။"

မကြာခဏ စကားပြောကောင်းလေ့ရှိတဲ့ ဖန်ချင်းကသူ့သမီးအဆိုကို မချေပနိုင်ပါချေ။
သူမနဲ့သူမယောက်ျား;ချူတုံ့ချီတို့က ပျော်ရွှင်ချစ်ခင်တဲ့စုံတွဲတွေပေမယ့် သူတို့ရဲ့စီးပွားရေးနယ်ပယ်က စုံတွဲအများစုကတော့ ယိမိသားစုကစုံတွဲတွေနဲ့အလားတူသည်။

သူ့သမီးအဆိုတွေကို တွေးဆမိပြန်တော့ အိမ်ထောင်ပြုတယ်ဆိုတာ လောင်းကစားတစ်ခုလိုပဲ ဆိုတာသူမဝန်ခံပါသည်။ သူမလက်ထပ်လိုက်တဲ့သူက သူမအတွက်ပြီးပြည့်စုံတဲ့ အတွဲအဖက်ဆိုတာ ဘယ်သူမှအာမမခံနိုင်သလို သူမနဲ့သူမခင်ပွန်း အိုသွားတဲ့အထိ ပျော်ရွှင်ပြီး ချမ်းသာသုခရနိုင်မယ်လို့လည်း ဘယ်သူမှအာမမခံနိုင်ပေ။

ဒါပေမယ့်လည်း သူမသမီးဘာသာသူမကိုယ်တိုင်အတွက် စီစဥ်ထားတဲ့အစီအစဥ်နောက်ကိုလိုက်ရင် ဘဝတစ်သက်စာပျော်ရွှင်မှုအတွက် အာမခံချက်ရှိသွားပြီ မဟုတ်လား? သူမသမီးပျော်ရွှင်နေဖို့က သူမပန်းတိုင်ပဲဟုတ်ဘူးလား?

ချူရှောင်းကားကို ကုမ္ပဏီရဲ့မြေအောက်ကားပါကင်မှာ ထိုးလိုက်ကာ သူမနဲ့ဖန်ချင်းက အဆောက်အဦးရဲ့ ပထမအလွှာဆီကို ဦးတည်သွားကြသည်။ သူတို့ စာရွက်စာတမ်းတွေကို မျိုးတူစုပြီးတဲ့နောက် ကုမ္ပဏီရဲ့ဌာနအားလုံးက အကြီးအကဲတွေနဲ့ အစည်းအဝေးပွဲကိုကျင်းပခဲ့၏။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now