အပိုင်း ၇ (အပိုင္း ၇)

543 77 29
                                    

Unicode

သတိရလိုက်တာ ဖေဖေနဲ့မေမေ...
ဘဝသစ်မှာပျော်နေကြမယ်မဟုတ်လား...

ဆော့ငယ်လေးကို မရှာနိုင်ခဲ့လို့
သားတောင်းပန်ပါတယ်...
ဒါပေမယ့် သားတွေ့အောင်ရှာမယ်လို့ ကတိပေးပါတယ် ...

ညီလေးအခုအချိန်ထိအသက်ရှင်နေပြီး
တစ်နေရာရာမှာကောင်းကောင်းကြီးပြင်းနေမယ်လို့သားယုံကြည်တယ်...

ဧည့်ခန်း၏ နံရံပေါ်တွင်ချိတ်ထားသော
မိသားစုဓာတ်ပုံလေးကိုကြည့်ကာ
ဆော့ဂျင်တစ်ယောက် လွမ်းဆွတ်နေ၏။

ပုံထဲတွင်
ခန့်ငြားလွန်းတဲ့အဖေဖြစ်သူရယ်
လှရက်လွန်းတဲ့အမေဖြစ်သူရယ်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
အလွန်ရယ်နေကြသည့် ကလေးနှစ်ယောက်

လူနည်းပေမယ့် မိသားစုလေးကအလွန်ပျော်ဖို့ကောင်းခဲ့သည်။
သို့ပေမယ့် ပျော်ဖို့ကောင်းတဲ့အချိန်တွေက
ဘဝတစ်ခုလုံးနှင့်ယှဥ်လျှင်စက္ကန့်ပိုင်းလောက်သာ...

စောလွန်းတယ်...စောလွန်းတယ်မဟုတ်လား
ဖေဖေနဲ့မေမေ...

သားအခု စုံထောက်ကြီးတစ်ယောက်ဖြစ်နေပြီ...
လူတွေရဲ့ မတရားခံရမှုတွေ အနိုင်ကျင့်ခံရမှုတွေကို သားဖော်ထုတ်နိုင်ခဲ့တယ်...
ကိုယ့်မိသားစု ကိုပြိုကွဲအောင်လုပ်ခဲ့တယ်လူ
တွေကိုတော့အခုထိမဖော်ထုတ်နိုင်သေးဘူး
ဟက်! ကျွန်တော်ကသိပ်ကိုညံ့နေသေးတာပဲ...

ရင်နာစရာကောင်းတဲ့အဖြစ်က
အဖေနဲ့အမေဆုံးပြီး ညီလေးပျောက်ဆုံးသွားတာကို ဆယ်လလောက်နေမှသိလိုက်ရခြင်း...

မစ္စတာဂျောင်တို့မိသားစု အဖြစ်ဆိုးကြီးနှင့်ကြုံရပြီးနောက်... အဖိုးအဖွားနှင့် အမျိုးများက ဆော့ဂျင်၏ ပညာရေးကိုထိခိုက်မည်ဆိုးသောကြောင့် စာမေးပွဲဖြေပြီးမှ ပြောမည်ဟုဆုံးဖြတ်ကြကာ ဖုံးကွယ်ထားခဲ့ကြသည်။

ကျောင်းကိုမကြာခနလာတွေ့မယ်...ညီလေးကိုလည်းခေါ်လာခဲ့မယ် ဟုပြောထားသော မိဘများမှာ ကျောင်းတက်နေတဲ့တစ်လျှောက်လုံးမလာကြပဲ အဖိုးအဖွား သို့မဟုတ်
အမျိုးတွေကိုပဲ လာလာတွေ့ခိုင်းလို့ ဆော့ဂျင်စိတ်ပင်ဆိုးမိသေးသည်။

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now