Chapter...7

28.6K 1.8K 75
                                    

ခပ်ဖြည်းဖြည်းမှန်မှန်လှမ်းလာတဲ့ ခြေလှမ်း
တွေက မိုးဖွဲ့ဖွဲ့ကျအလာမှာတော့ ခပ်သုတ်
သုတ်လျှောက်လိုက်ပြီး သက်ပြင်းရှည်တစ်
ချက်ချလိုက်၏။

အိမ်သို့ရောက်ခါနီး လမ်းချိုးလေးအကွေ့မို့
ခေါင်းပေါ်လက်ဖဝါးအုပ်၍ အိမ်ထဲသို့မပြေး
ရုံတမည် အနေအထားနှင့် လာလိုက်တာ အိမ်
ပေါက်ဝသို့ပင် ရောက်လာလေပြီ။မှိုင်းညို
ဆိုင်းရစ်နေတဲ့ တိမ်မဲတွေကို အိမ်ထဲသို့မဝင်
ခင်မော့ကြည့်လိုက်ပြီး ခပ်ဖွဲ့ဖွဲ့ရွာသွန်းနေတဲ့
မိုးဥတုကို ရီဝေဝေဖြင့်သာ။

အိမ်သို့ပြန်မလာချင်သည့်တိုင်အောင် အမေရှိ
တဲ့အိမ်လေးမို့ အပြီးထွက်မသွားနိင်ရက်...
တွယ်တာစရာဟူသည်ကား...အခုချိန်မှာချစ်ရ
သူအမေပင်ရှိတယ်မဟုတ်လား...။
အလေလိုက်ဆိုးသွမ်းသည်ဟု နာမည်ကြီး
သော်ငြား....တကယ်ကျတော့ တည်စေရာမိုင်
ကအိမ်ကိုအကြီးစားပြန်ထောက်ပံ့ရသူပင်။

ပြီးခဲ့သည့်အချိန်က လမ်းမှာဖြစ်ပျက်လာခဲ့
တဲ့ နာကျဥ်းမူတွေကြောင့် စိတ်အတတ်အကျ
ကမမှန်ချင်.....သူဆိုသည်မှာလည်း သိပ်အ
ငြိုးကြီးတတ်သည်မဟုတ်လား.....လွယ်လွယ်
အထိပါးခံပြီး မေ့ပျောက်လွယ်တတ်သူတွေ
ထဲ တည်စေရာမိုင်မပါချေ။ ပြုလုပ်သူကို
လည်း ခပ်ပါးပါးလေးဖြင့်တစ်မျိုး ရင်ထဲတေး
မှတ်သွားသည့်အထိ သင်ခန်းစာတွေမရိုးရ
အောင်ပေးတတ်လေသည်။

"အမေ....ဘာဖြစ်နေတာလဲ..ဒါက"

အဖုံးပွင့်လျက် စုဗူးအဟောင်းလေးကိုပိုက်
လျက် မျက်နှာမသာမယာနှင့် အမေကနွမ်းလျ
နေ၏။သူဝင်လာတာကိုတွေ့တာနှင့် မမြင်သင့်
တာမမြင်စေချင်သည့်ပုံနှင့် ကဗျာကယာ ဖွက်
လေ၏။ မရတော့ဘူးအမေ....ကျွန်တော်တွေ့
ပြီးသွားပြီ....။

တည်စေရာမိုင် အမေးတလှည့်ပြုလိုက်ပြီး
အမေစုဗူးလေးကိုတလှည့် အမေမျက်နှာကို
စူးစိုက်ကြည့်၍ဖြစ်စေတစ်လှည့်ကြည့်လိုက်
၏။

"အမေစုထားတဲ့ပိုက်ဆံတွေကော...ဘယ်လို
ဖြစ်လို့ အခွံချဉ်းသက်သက်ဖြစ်နေရတာလဲ"

သားဖြစ်သူရဲ့အမေးကို မဖြေချင်လို့မျက်နှာ
လွှဲလိုက်ကာမှ အလွှဲမခံပဲ ပုခုံးနှစ်ဖက်ကိုဆုပ်
ကိုင်၍ အတင်းမေးလာလေသည်။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now